အီရန်နိုင်ငံဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှု ဒုတိယအများဆုံး
နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့စီးပွားရေး တည်ငြိမ်စေဖို့အတွက်
စွမ်းအင်အရင်းအမြစ်ဟာ အဓိက လိုအပ်ချက်တစ်ခု ဖြစ်တယ်လို့ အီရန်ရေနံဝန်ကြီးက
ပြောကြားခဲ့ပါတယ်။ ရေနံကို အခြားနိုင်ငံများအပေါ် ဖိအားပေးတဲ့ အရာတစ်ခုအဖြစ်
အသုံးမပြုသင့်ကြောင်း၊ ဒီလိုရေနံတင်ပို့မှု ပိတ်ပင်တာဟာ စွမ်းအင်
ဝယ်ယူသုံးစွဲသူအချို့အတွက် အလွဲသုံးစား ပြုလုပ်နိုင် မယ့် အခြေအနေတစ်ရပ်ကို
ဖန်တီးပေးနိုင်ကြောင်းကိုလည်း သူက ပြောကြားခဲ့ပါတယ်။ ဒါကြောင့်
အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ရာမှာ ရေနံတင်ပို့မှု အပေါ်
ဖြေလျှော့လိုက်မယ်ဆိုပါက ရေနံဈေးကွက် တည်ငြိမ် မှုရှိလာသလို
ကမ္ဘာ့စီးပွားရေး အခြေအနေဟာလည်း တိုးတက်ကောင်းမွန်လာမှာ ဖြစ်ကြောင်း
အီရန်ရေနံဝန်ကြီး Rostam Qasei က ပြောကြားခဲ့ တယ်လို့ သိရှိရပါတယ်။
MRTV4

No comments:
Post a Comment