အရင် MP4 ပလေယာတွေထက် ကောင်းတာကြောင့်ပါမယ်ထင်တယ်” ဟု ယုဇနအီလက်ထရွန်နစ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “အခုနောက်ပိုင်း MP4 တွေတောင် တင်မရောင်းဖြစ်တော့ဘူး။ လူတွေက လိုင်းကတ်ဝယ်ရင်တစ်ခါတည်းသုံးလို့ရအောင်ဆိုပြီး နှစ်သောင်းကျော်တန်ဟန်းဆက်လေးတွေပဲ မေးနေ
ကြလို့ ဟန်းဆက်တွေပဲ အသစ်တင်ရောင်းတော့တယ်။ MP4 တွေကတော့သိသိသာသာရောင်းအားကျလာတယ်လို့ ပြောရမယ်” ဟုမနော်ဟရီလမ်းပေါ်ရှိ အီလက်ထရွန်နစ်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ထပ်မံသုံးသပ်ပြောကြားသည်။ တန်ဖိုးနည်းဖုန်းလိုင်းများ စတင်ရောင်းချသည့်အချိန်မှစတင်ပြီး တန်ဖိုးနည်း Java ဟန်းဆက်အမျိုးမျိုး ရောင်းအားကောင်းခဲ့ပြီး တချို့မှာ လိုင်းကတ်များမ၀ယ်ရသေးသော်လည်း သီချင်းနားထောင်ရန်၊ ဂိမ်းကစားရန်ရည်ရွယ်ပြီး MP4 အစား ဟန်းဆက်များကို ပိုမိုဝယ်ယူလာကြကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ရေးသားသူ -ကောင်းမြတ်ထွန်း
Internet Journal

No comments:
Post a Comment