Tuesday, June 5, 2012

မန်မိုရီရယ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သည့် တိုက်ဂါးဝုဒ်

ကမ္ဘာ့ ဂေါက်သီးရိုက် ချန်ပီယံဟောင်း တိုက်ဂါးဝုဒ်ဟာ မန်မိုရီရယ် ပြိုင်ပွဲမှာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ပီဂျီအေတိုး ပြိုင်ပွဲတစ်ခု ဖြစ်တဲ့မန်မိုရီရယ် ပြိုင်ပွဲမှာ ဗိုလ်စွဲ နိုင်ခဲ့ခြင်းဟာ တိုက်ဂါးဝုဒ် အတွက် ဒီနှစ်အတွင်း ဒုတိယ အကြိမ် ဗိုလ်စွဲနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်ဟာ အဆိုပါ ပြိုင်ပွဲမှာ လျှော့ရိုက်ချက် ၉ ချက်နဲ့ ဗိုလ်စွဲနိုင်ခဲ့ပြီး အန်ဒရီ ရိုမီရို ၊ ရွိုင်းဆက် ဘာတီနီတို့ထက် ၂ ချက် လျှော့ရိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်မိုရီရယ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ခြင်းကြောင့် တိုက်ဂါးဝုဒ်ဟာ ပီဂျီအေတိုး ပြိုင်ပွဲမှာ ၇၃ ကြိမ်  ဗိုလ်စွဲနိုင်ခဲ့တဲ့ နစ်လက်စ်ရဲ့ စံချိန်နဲ့ တူညီသွားပြီ ဖြစ်ပါတယ်။တိုက်ဂါးဝုဒ်ဟာ ၁၉၉၆ ခုနှစ်က စပြီး ပီဂျေအေတိုး ပြိုင်ပွဲကို စတင် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့ခြင်း မရှိတာက လွဲရင် ပြိုင်ပွဲတိုင်း ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ဂါးဝုဒ်က ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တာဟာ မိမိအတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်း ၊ အထူးသဖြင့် နစ်လက်စ်ရဲ့ စံချိန်နဲ့ တူညီခဲ့တာကြောင့် ပျော်ရွှင်မိကြောင်း ၊ နစ်လက်စ်ဟာ ကြီးကျယ်တဲ့ အားကစားသမား တစ်ယောက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တိုက်ဂါးဝုဒ်ဟာ ပြိုင်ပွဲ အစက ပုံမှန် လက်စွမ်း ပျောက်ဆုံး နေပေမယ့် နောက်ပိုင်းမှာ ဘာဒီ ၄ ကြိမ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
MRTV4

No comments:

Post a Comment