Tuesday, June 5, 2012

ကမ္ဘာ့ စီးပွားရေး အတွက် ဂျီ ၇ အဖွဲ့မှ ဆွေးနွေးပွဲ ပြုလုပ်မည်

၇ နိုင်ငံ ပါဝင်သော ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်များ အဖွဲ့မှာ အင်္ဂါနေ့တွင် အရေးပေါ် အစည်းအဝေး တစ်ခုကိုကျင်းပပြီးဥရောပ ကြွေးမြီ ပြဿနာများကိုဖြေရှင်းရန်အတွက် ပြုလုပ်မည် ဖြစ်ကြောင်း ပြော
ကြားသည်။

ကနေဒါ ဘဏ္ဍာရေး ဝန်ကြီး ဖြစ်သူမှ NHK သတင်းသို့ ပြောရာ၌ ယခုလို ဆွေးနွေးမှု အတွက် ဂျပန် အစိုးရ၏ ဗဟိုဘဏ် အကြီးအကဲများ ၊ အမေရိကန် ပြည်ထောင်စု ကနေဒါနှင့် အခြားသော ဥရောပ နိုင်ငံ လေးခုမှ ဘဏ္ဍာရေး ဝန်ကြီးများမှာ ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။ 

တာဝန်ရှိသူများမှာ စပိန် နိုင်ငံ၏ ဘဏ္ဍာရေး ပြဿနာများကို ဆွေးနွေးကြမည် ဖြစ်ပြီး ဂရိနိုင်ငံ အနေဖြင့် ယူရို ငွေကြေးသုံးစွဲမှုမှထွက်ခွာသွားနိုင်သည့်အခြေအနေအတွက် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။ အလားတူပင် ၎င်းတို့ အနေဖြင့် အမေရိကန် ပြည်ထောင်စု အတွင်း စီးပွားရေး ကျဆင်းလာမှုနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးကြမည် ဖြစ်သည်။
 NHK news

No comments:

Post a Comment