Tuesday, June 5, 2012

ဆဲလ်တစ် နည်းပြ ရာထူးမှ သွမ်ဆင် ထုတ်ပယ်ခံရ

ဆဲလ်တစ် နည်းပြ သွမ်ဆင်ဟာ သူ့ရဲ့ လူနေမှု ပုံစံကြောင့် အသင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။ သွမ်ဆင်ဟာ ဆဲလ်တစ် အသင်းကိုစကော့တလန်လိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့ ပြီးတဲ့နောက် ၃ ပတ် အကြာမှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သွမ်ဆင်ဟာ ၂၀၁၁ ဖေဖော်ဝါရီ လက အရက်မူးပြီး ကားမောင်းခဲ့တာကြောင့် ပေါင် ၆၀၀ နဲ့ ကားမောင်းခွင့် ၁၆ လ ပိတ်ပင်ခံခဲ့ရတာ တွေ့ရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး သွမ်ဆင်ဟာ ဆဲလ်တစ် အသင်းရဲ့ သတိပေးမှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆဲလ်တစ် အသင်းသည် နည်းပြ သွမ်ဆင်ကို ထုတ်ပယ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လျှော်ကြေးပေးချေမှာ မဟုတ်ကြောင်း သိရပါတယ်။ သွမ်ဆင်ကို ထုတ်ပယ်ခဲ့ခြင်းကြောင့် လက်ထောက်နည်းပြ အမ်ဂျေးဘီ နဲ့ နည်းပြ ဂယ်ရီပါကား တို့ပါဝင်တဲ့ နည်းပြ အဖွဲ့ဝင်တွေပါ အသင်းမှ ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆဲလ်တစ် အသင်းဟာ ချန်ပီယံလိဂ် ခြေစစ်ပွဲ မတိုင်မီ နည်းပြသစ် ခန့်အပ်ရဖွယ် ရှိပါတယ်။ ကစားသမား ဘ၀က သွမ်ဆင်ဟာ ၂၀၀၀ ခုနှစ်မှာ ဘော်လ်တန် အသင်းမှ ပေါင် ၂.၇၅ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ၂၀၀၃ ခုနှစ်က ယူအီးအက်ဖ်အေ ဗိုလ်လုပွဲ တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ သွမ်ဆင်ဟာ ၂၀၁၀ ခုနှစ်က စပြီး ဆဲလ်တစ် အသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး အသင်းနဲ့မှ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
MRTV4

No comments:

Post a Comment