Tuesday, June 5, 2012

သတင်းစာများပါ အသုံးအနှုန်း ပြန်ကြားရေး တာဝန်ရှိသူ တောင်းပန်

ဇွန်လ ၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် သတင်းဖော်ပြခဲ့သော အရေးအသား များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး
ချုပ်က စာဖတ်ပရိသတ်အား တောင်းပန်လိုက်သည်။
“သတင်းစာများပါ ရခိုင်ပြည်နယ်သတင်းများရဲ့ အရေးအသားအချို့နဲ့ ပတ်သက်ပြီး သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက မနက်ဖြန်ထုတ် သတင်းစာများမှာ ပြင်ဆင်ဖော်ပြပေးဖို့ စီစဉ်နေကြောင်း အသိပေးအပ်ပါတယ်။ ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့ စိတ်ဆန္ဒမရှိဘဲ အရေးအသားမှားယွင်းမှု သက်သက်သာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက်များကို ခွင့်လွှတ်နားလည်ပေးဖို့ သူတို့ကိုယ်စား တောင်းပန်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် က ၎င်း၏ ဖေ့ဘွတ် စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု ခေါင်းစဉ်တပ်၍ “မွတ်ဆလင်ကုလား” ဟူသည့် အသုံးအနှုန်းကိုလည်း သတင်းထဲတွင် သုံးကြိမ် ထပ်မံ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
မဇ္ဈိမ

No comments:

Post a Comment