Wednesday, June 13, 2012

ဆွီဒင်နိုင်ငံထုတ် အရည်အသွေးမြင့် လုံခြုံရေးကင်မရာများဈေးကွက်ဝင်

ဆွီဒင်နိုင်ငံ၏ No.1 Brand ဖြစ်သော AXIS အမှတ်တံဆိပ် အရည်အသွေးမြင့် လုံခြုံရေးကင်မရာများကို ပြည်တွင်းဈေးကွက်တွင် ၀ယ်ယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယခုဝင်ရောက်လာသည့် ကင်မရာများမှာ HD အရည်အသွေးဖြင့် ရိုက်ကူးနိုင်သည့်အပြင် ညဘက်တွင် ကာလာဖြင့်ရိုက်ကူးနိုင်သည့် ကင်မရာများဖြစ်သည်။ ထို့ပြင်လေဆိပ်၊ သင်္ဘောဆိပ်များ၌ အသုံးပြုသည့် Thermal အမျိုးအစား လုံခြုံရေးကင်မရာများလည်းပါဝင်ကြောင်း သိရသည်။

“AXIS တံဆိပ်ကင်မရာတွေက ဆွီဒင်ကတင်သွင်းတာပါ။ ဒီကင်မရာတွေက အခြားကင်မရာတွေနဲ့မတူတာက HD အရည်အသွေးနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်သလို ညပိုင်းတွေမှာပါ ကာလာနဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ တခြား အမှတ်တံဆိပ်လုံခြုံရေးကင်မရာတွေက ညပိုင်းမှာ ကာလာနဲ့မရိုက်ပေးနိုင်ပါဘူး။ နောက်ပြီး ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်ကိုလည်း ကင်မရာကနေ အလိုအလျောက်ချိန်ပြီး ရိုက်ကူးပေးနိုင်ပါတယ်။ Outdoor ကင်မရာတွေထဲမှာဆို အနိမ့်ဆုံး ၅၀ မီတာအကွာအဝေးကနေ ကီလိုမီတာ ၅၅၀ အထိရိုက်ပေးနိုင်ပါတယ်။ IP ကင်မရာထဲမှာဆိုရင် POE စနစ်သုံး အင်တာနက်ကင်မရာက သီးသန့်ပါဝါပေးစရာမလိုဘဲ ရိုက်နိုင်တယ်။ ရိုက်ထားတဲ့အချက်အလက်ဖိုင်တွေကို သိမ်းထားတဲ့ကွန်ပျူတာ မီးပျက်သွားတာတို့ Network ကျသွားလို့ back up တွေအပြည့်မရတာမျိုးတွေအတွက်လည်း ကင်မရာကနေ သူ့မှာပါတဲ့ internal memory မှာ သိမ်းဆည်းပေးထားမှာဖြစ်ပြီး အဲဒီဖိုင်တွေကို SD ကတ်နဲ့ ပြန်ကူးနိုင်ပါတယ်။ ကင်မရာရဲ့ မှတ်ဥာဏ်က နှစ်ရက်စာလောက်ကို သိမ်းထားပေးနိုင်ပါတယ်။ အခုဝင်လာတဲ့ လုံခြုံရေးကင်မရာတွေထဲက Thermal အမျိုးအစားကင်မရာက အရာဝတ္ထုတွေရဲ့ အပူ၊ အအေးခွဲခြားတာမျိုး၊ အပေါ်ယံ ပလပ်စတစ်အလွှာကိုဖောက်ပြီး အတွင်းကအရာတွေကိုမြင်နိုင်အောင် ရိုက်ကူးပေးနိုင်ပါတယ်။ ဒီကင်မရာကိုတော့ လေယာဉ်ကွင်းတွေနဲ့ သင်္ဘောဆိပ်တွေမှာ အသုံးပြုပါတယ်” ဟု Naung Yoe Technologies မှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ အဆိုပါ လုံခြုံရေးကင်မရာများတွင် Fixed Network ကင်မရာ၊ Covert ကင်မရာ၊ Dome Network ကင်မရာ၊ Pan/tilt/zoom Network ကင်မရာ၊ Thermal Network ကင်မရာ၊ Video Encoders, RackSolutionsစသည့်အမျိုးအစားများရှိပြီး ပြည်တွင်းဈေးကွက်သို့ Naung Yoe Technologies Co., Ltd. မှ တစ်ဦးတည်းကိုယ်စားလှယ်အနေဖြင့် တင်သွင်းဖြန့်ချိခြင်းဖြစ်သည်။

ရေးသားသူ -သူရ
Internet Journal

No comments:

Post a Comment