Wednesday, June 13, 2012

စပိန် နဲ့ အီတလီပွဲမှာ လူမျိုးရေး ခွဲခြား ခံခဲ့ရသည့် ဘာလိုတယ်လီ

အီတလီ တိုက်စစ်မှူး ဘာလိုတယ်လီဟာ စပိန်နဲ့ ကစားခဲ့တဲ့ ပွဲမှာ လူမျိုးရေး ခွဲခြား ခံခဲ့ရကြောင်း သိရပါတယ်။ စပိန် နဲ့ အီတလီတို့ဟာ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲမှာ ဘာလိုတယ်လီကို စပိန် ပရိသတ်တွေက မျောက်အော်သံတွေ ပြုလုပ်ပြီး လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။ ဘာလိုတယ်လီဟာ ယူရိုပြိုင်ပွဲ မစမီ လူမျိုးရေး ခွဲခြားခံရပါက ကွင်းအတွင်းမှ ထွက်သွားမယ်လို့ ပြောဆိုခဲ့ပေမယ့် ကွင်းအတွင်းမှာ ဆက်လက် ကစားခဲ့တာကို တွေ့ရပါတယ်။

စပိန် နဲ့ အီတလီ ပွဲမှာ သတင်း လာယူတဲ့ ဓာတ်ပုံ သတင်းထောက် ဘရန်စကေးလ်ကလည်း စပိန် ပရိသတ်များရဲ့ လူမျိုးရေး ခွဲခြားမှုများ ခံခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ဘာလိုတယ်လီ ဘောလုံးထိတဲ့ အချိန်တိုင်း စပိန် ပရိသတ်တွေက မျောက်လို အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။ ဘရန်စကေးလ်ကစပိန်ပရိသတ်တွေဟာဘာလိုတယ်လီ ဘောလုံးရတိုင်း မျောက်လို အော်ဟစ်ခဲ့သလို
 လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြောင်း ၊ ပြီးခဲ့တဲ့ ပွဲမှာ ဘာလိုတယ်လီကို လူမျိုးရေး ခွဲခြားခဲ့တဲ့ ပရိသတ် ၃၀၀ ခန့် ရှိကြောင်း ၊ အထူးသဖြင့် ဘာလိုတယ်လီ အ၀ါကဒ် အပြခံရချိန်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုက ပိုဆိုးခဲ့ကြောင်း ၊ စပိန် ပရိသတ်တွေဟာ ဘာလိုတယ်လီ ကွင်းအပြင် ထွက်သွားဖို့ ဆန္ဒနဲ့ အခုလို ပြုလုပ်ခဲ့တယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူရိုပြိုင်ပွဲ မစတင်မီ လေ့ကျင့်ခန်း ဆင်းနေတဲ့ ဟော်လန် အသင်းဟာလည်း လူမျိုးရေး ခွဲခြား ခံခဲ့ရပြီးတဲ့နောက် ကွင်းအတွင်းမှာ ဘာလိုတယ်လီကို စပိန် ပရိသတ်တွေက လူမျိုးရေး ခွဲခြားခဲ့တာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေက ယူရို ၂၀၁၂ ပြိုင်ပွဲမှာ လူမျိုးရေး ခွဲခြားမှုတွေကို ဆန့်ကျင်မှာ ဖြစ်ကြောင်း ကြေညာထားသော်လည်း လက်ရှိအချိန်မှာ လူမျိုးရေး ခွဲခြားမှုတွေ ပေါ်ပေါက်နေကြောင်း သတင်းများရဲ့ ဖော်ပြချက် အရ သိရပါတယ်။
MRTV4

No comments:

Post a Comment