အဆိုပါပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောတွေကို
လိုက်လံဖမ်းဆီးခြင်း၊ စုံစမ်းထောက်လှမ်းခြင်းတို့နဲ့ ပတ်သက်ပြီး
လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မယ့် သြစတြေးလျ
ဖျက်သင်္ဘောတွေက ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားစီရင်စုရှိ Kure
ရေတပ်အခြေ စိုက်စခန်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆိုက်ရောက်လာခဲ့တာ
ဖြစ်ပါတယ်။
ဒီလို သြစတြေးလျနိုင်ငံရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဂျပန်နဲ့သြစတြေးလျ
နိုင်ငံတို့အကြား ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေမှာဖြစ်ကြောင်း
ဂျပန်ရေတပ် အခြေစိုက်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခုလို အမေရိကန်
ပြည်ထောင်စု၊ ဂျပန်နဲ့ သြစတြေးလျ သုံးနိုင်ငံ ပူးပေါင်းတဲ့ စစ်ရေး
လေ့ကျင့်မှုကို ၂၀၀၇ခုနှစ်ကတည်းက ၄ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ယခုနှစ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံရဲ့
စစ်ရေးအင်အား တိုးမြှင့်မှုကို ရင်ဆိုင်ဖို့ဖြစ်ကြောင်း သိရပါတယ်။
Reference : NHK.com
MRTV4


No comments:
Post a Comment