Wednesday, June 20, 2012

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ရောက် မြန်မာတိုင်းရင်းသားတွေနဲ့တွေ့ဆုံ



ဇွန်လ ၁၈ ရက်နေ့ညနေပိုင်းမှာ ဗြိတိန်နိုင်ငံကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီမှာ လန်ဒန်မှာရှိတဲ့ မြန်မာတိုင်းရင်းသားတွေနဲ့ သူမတည်းခိုရာ Corinthian Hotel မှာ ၁၅ မိနစ်ကြာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် မနက် ၁၀ နာရီ ၂၀ ကနေ ၁၁ နာရီ ၁၅ အထိ London SchoolofEconomics(LES)လို့ခေါ်တဲ့လန်ဒန်စီးပွားရေးတက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ
ပြုလုပ် ခဲ့ပါတယ်။ ဒီကနေ့ဟာ သူမရဲ့မွေးနေ့ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညမှာ သူမမိသားစု ရှိတဲ့ အောက်စ်ဖိုဒ့်မှာ မွေးနေ့ပွဲပြုလုပ်မှာဖြစ်ပါတယ်။
Burma vj media

No comments:

Post a Comment