Wednesday, June 20, 2012

ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း ခံရသည့် ဒေးဗစ်နာဘန်ဒီယန်


အာဂျင်တီးနား လူမျိုး တင်းနစ် ကစားသမား ဒေးဗစ်နာဘန်ဒီယန်ဟာ အေဂွန် ချန်ပီယံရှစ် တင်းနစ် ပြိုင်ပွဲက ထုတ်ပယ်ခြင်း ခံရကြောင်း သိရှိရပါတယ်။
အသက် ၃၀ အရွယ်ရှိ နာဘန်ဒီယန်ဟာ မာလင်စီလစ် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒိုင်ဖြစ်သူကို ထိခိုက်အောင် ပြုလုပ်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်း ခံရတာ ဖြစ်ပါတယ်။ နာဘန်ဒီယန်ဟာ အဆိုပါ ပြိုင်ပွဲမှာ ၇-၆ ၊ ၇-၃ ၊ ၃-၄ နဲ့ ပြိုင်ပွဲကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

နာဘန်ဒီယန်ဟာ အဆိုပါ ပြိုင်ပွဲ ယှဉ်ပြိုင်နေချိန် အတွင်းမှာ ရိုက်ချက် လွဲချော်ခဲ့တာကြောင့် စိတ်ပျက်ပြီး ဘုတ်ပြားကို ကန်ခဲ့ရာမှာ စည်းကျပ်ဒိုင်ကို ထိခိုက်မိပြီး စည်းကျပ်ဒိုင် ဒဏ်ရာ ရရှိသွားပါတယ်။ ဒါကြောင့် ပြိုင်ပွဲ ကြီးကျပ်သူတွေက နာဘန်ဒီယန်ကို ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ နာဘန်ဒီယန်က  မိမိ ပြုမူခဲ့တဲ့ အပြုအမူတွေ အတွက် တောင်းပန်ပါတယ်။ တစ်ခါတရံမှာ အမှတ် သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

လူတိုင်းဟာ အမှား ပြုလုပ်တတ်ကျပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။ နာဘန်ဒီယန်ဟာ ကစားသမား ဘ၀မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိထားခြင်း မရှိဘဲ ၂၀၀၂ ခုနှစ်က ၀င်ဘယ်လ်ဒန် အိုးပင်း ပြိုင်ပွဲမှာသာ နောက်ဆုံး ဗိုလ်လုပွဲ အဆင့်ကို တက်ရောက် သွားနိုင်ခဲ့တာ ဖြစ်ကြောင်း သတင်းများ အရ သိရှိရပါတယ်။
MRTV4

No comments:

Post a Comment