Saturday, June 16, 2012

ရက်နက်ဒ် နုတ်ထွက်သွားတဲ့ အတွက် စိတ်မကောင်း ဖြစ်နေသည့် ရွိုင်းဟော့ဆန်

အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်က စပါး အသင်းကနေ ရက်နက်ဒ် နုတ်ထွက်သွားတဲ့ အတွက် စိတ်မကောင်း ဖြစ်နေကြောင်း သိရှိရပါတယ်။ ရွိုင်းဟော့ဆန်ကရက်နက်ဒ် စပါး အသင်းကနေ
 နုတ်ထွက် သွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ သတင်းထောက်တွေကို ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

ရွိုင်းဟော့ဆန်နဲ့ရက်နက်ဒ်တို့ဟာအစောပိုင်းတုန်းကအင်္ဂလန်နည်းပြ နေရာအတွက် ရေပန်းစားခဲ့ကြသူတွေ
 ဖြစ်ပြီး အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က ရွိုင်းဟော့ဆန်ကို မေလ အတွင်းမှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ရွိုင်းဟော့ဆန်က ရက်နက်ဒ် နုတ်ထွက်သွားတယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီသတင်းဟာ မိမိကို အံ့သြမိစေပါတယ်။

သူဟာ နောက်ထပ် ကိုင်တွယ် ရမယ့် အသင်းမှာလည်း ပျော်ရွှင်နေမှာ ဖြစ်ပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။ ရက်နက်ဒ်ဟာ စပါး အသင်းကနေ နုတ်ထွက်သွားတဲ့ အချိန်မှာ ကစားသမားတွေနဲ့ လက်ထောက် နည်းပြတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောကြား သွားခဲ့ကြောင်း စပါး အသင်းက ဖော်ပြသွားခဲ့ပါတယ်။ရက်နက်ဒ်ဟာစပါးအသင်းကနေ နုတ်ထွက်သွားပြီးတဲ့ နောက်မှာ
 ဘောလုံး လောကကနေ ခဏ အနားယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
MRTV4

No comments:

Post a Comment