အခုလို ၀န်ဆောင်မှု အသစ်အတွက် မေးမြန်း လိုရင်တော့ နံပါတ် ၁၈၇၅
ကိုခေါ်ဆိုပြီး မေးမြန်း နိုင်တာ ဖြစ်ပါတယ်။ အဆိုပါ နံပါတ်သစ် ကနေ မေးမြန်း
နိုင်တဲ့ ကဏ္ဍတွေက ကျန်းမာရေး ၀န်ဆောင်မှုများ၊ ဟိုတယ် ၀န်ဆောင်မှုများ၊
အလုပ်အကိုင် ရှာဖွေပေးတဲ့ ၀န်ဆာင်မှုများနဲ့ ဗေဒင် ၀န်ဆောင်မှုများ
ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ၀န်ဆောင်မှု တွေကို Call Center မှ ၂၄ နာရီ
ဝန်ဆောင်မှု ပေးသွား မှာဖြစ်ပြီး အလုပ်သမား အလိုရှိတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း
မေးမြန်း နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြား ဖုန်းခေါ်ဆိုမှု
ကိုလည်း အင်တာနက်ဆိုင် သွားစရာ မလိုဘဲ ရရှိနိုင်အောင် y-talk Calling
စနစ်နဲ့ နည်းပညာ ပေါင်းစပ် ပြုလုပ်သွားဖို့ ရှိတာလည်း ဖြစ်ပါတယ်။ အခုလို
ခေါ်ဆိုမှုတွေ အတွက် လာမယ့် ဇူလိုင်လ အတွင်း အကောင်အထည် ဖော်သွားမှာ
ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV4

No comments:
Post a Comment