ကျန်းမာရေး ၀န်ကြီး ဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန အောက်ရှိ
တိုင်းရင်းဆေး တက္ကသိုလ် မန္တလေးမှာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ ဖွင့်လှစ်
သင်ကြားမယ့်မြန်မာ့ တိုင်းရင်းဆေး ပညာဘွဲ့ ပေါင်းကူး ၂ နှစ် သင်တန်း အတွက် ယခုအခါ
လျှောက်လွှာများ စတင် ခေါ်ယူနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာ့
တိုင်းရင်းဆေး ပညာဘွဲ့ ပေါင်းကူး ၂ နှစ်ကို တိုင်းရင်း ဆေးပညာ ဒီပလိုမာ
အောင်မြင်ပြီး သူများ တက်ရောက် နိုင်တာဖြစ်ပြီး မြန်မာ့ တိုင်းရင်းဆေး
ကောင်စီမှာ မှတ်ပုံတင်ပြီး တိုင်းရင်း ဆေးဆရာ မှတ်ပုံတင် လက်မှတ်
ကိုင်ဆောင် ထားကာ လက်ရှိနိုင်ငံ့ တာဝန် ထမ်းဆောင်နေတဲ့ တိုင်းရင်း
ဆေးဆရာများ တတ်ရောက် ခွင့်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တက်ရောက် လိုသူဟာ လုပ်သက် အနည်းဆုံး ၅ နှစ်ပြည့်ပြီးသူ
ဖြစ်ရမှာ ဖြစ်သလို သင်တန်း တက်ရောက် အောင်မြင်ပြီး ပါကလည်း သက်ဆိုင်ရာမှာ ၅
နှစ် ဆက်တိုက် ဆက်လက် တာဝန် ထမ်းဆောင် နိုင်တဲ့သူ ဖြစ်ဖို့ လိုအပ် တယ်လို့
သိရပါတယ်။ သင်တန်း လျှောက်လွှာ ပိတ်ရက် ကိုတော့ ဇူလိုင်လကုန် အထိ နောက်ဆုံး
သတ်မှတ် ထားပြီး လျှောက်လွှာ များကို တိုင်းရင်း ဆေးပညာ ဦးစီးဌာန၊
နေပြည်တော်သို့ ပေးပို့ လျှောက်ထား ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်
အဆိုပါ သင်တန်း အောင်မြင် ပြီးပါက မြန်မာ့တိုင်းရင်း ဆေးပညာ
မဟာသိပ္ပံဘွဲ့လွန် သင်တန်းကို ဆက်လက် တက်ရောက် နိုင်မှာ ဖြစ်တယ်လို့ သတင်း
ရရှိပါတယ်။
MRTV4
No comments:
Post a Comment