Tuesday, June 12, 2012

MCPA အသင်းမှ ကွန်ပျူတာနှင့် သတင်း အချက် နည်းပညာ ဆိုင်ရာများ အတွက် ပြည်ပပညာသင်ဆုများ ဆောင်ရွက် ပေးနေ

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း MCPA မှ ပြည်တွင်းရှိ ကွန်ပျူတာ ပညာရပ်နဲ့ သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ တွေမှာ ထူးချွန်တဲ့ကျောင်းသား၊ ကျောင်းသူ တွေကို ပြည်ပမှာ ပညာသင်ကြား ခွင့်ရရန် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ပေးရာမှာ အိန္ဒိယ နိုင်ငံရှိ တက္ကသိုလ် များမှာ ကွန်ပျူတာနှင့် သတင်း အချက် နည်းပညာ ဆိုင်ရာ IT မဟာဘွဲ့ တက်ရောက် သင်ကြား နိုင်ဖို့အတွက် ဆောင်ရွက် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုအခါ အဆိုပါ ပညာသင် ဆုကို MCPA Member များ အဖြစ် ပြည်တွင်းမှ ကျောင်းသား ၃ ဦးကို ပညာသင်ဆု အဖြစ် ရွေးချယ် ထားတယ် လို့လည်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ ပညာသင် ဆုကို မြန်မာနိုင်ငံ ကွန်ပျူတာရှင် အသင်းနှင့် အိန္ဒိယ နိုင်ငံ သံရုံးတို့မှ ညှိနှိုင်း ဆောင်ရွက်မှုနဲ့ အိန္ဒိယ နိုင်ငံရှိ တက္ကသိုလ်များမှာ ပညာသင်ဆု လျှောက်ထား နိုင်ဖို့ MCPA မှ ကြိုးပမ်း ညှိနှိုင်း ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပညာသင်ဆုနဲ့ ပတ်သက်ပြီး MCPA မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ  ၃၀ ရက်နေ့မှာ လျှောက်လွှာများ ခေါ်ယူပြီး လျှောက်ထား သူတွေကို လူတွေ့၊ ရေးဖြေနဲ့ နှုတ်ဖြေများ စစ်ဆေးခဲ့ ပါတယ်။ အဲ့ဒီလို ခေါ်ယူရာ မှာတော့ လျှောက်လွှာ တင်သူ ၂၈ ဦးရှိခဲ့ပြီး၊ ရေးဖြေ ဖြေဆိုသူပေါင်း ၂၅ ဦး ဖြေဆိုခဲ့ကာ အောင်မြင်သူ ၁၀ ဦး ရှိခဲ့ပါတယ်။ အဲ့ဒီ ၁၀ ဦးအနက်မှ ၄ ဦးကိုတော့ သတ်မှတ် လျာထားချက် များနဲ့အညီ စံကာတင် ရွေးချယ်မှုများ ပြုလုပ်ခဲ့ပြီး ၃ ဦးကို ပြန်လည် ရွေးချယ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရွေးချယ်ခံ ရတဲ့လူ ၃ ဦး ကိုတော့ အိန္ဒိယ နိုင်ငံ University of Mysore, College of Fine Arts Premises, Manasaganothri, Mysore တို့မှာ M.Sc (Computer Science) ဘာသာရပ်ကို ပညာ သင်ကြားခွင့် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV4

No comments:

Post a Comment