Friday, June 1, 2012

ကျောက်ပန်းတောင်းတွင် အင်တာနက်ဖုန်းလျှောက်ထားသူ များပြားလာ

ကျောက်ပန်းတောင်းမြို့တွင် ဂျီအက်စ်အမ်ဖုန်းများနှင့် စီဒီအမ်အေ800ဖုန်းများအား အင်တာနက်လျှောက်ထား သူများပြား လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
 
အင်တာနက်လိုင်းလျောက်ထားရာတွင် ရန်ကုန်မြို့ဖုန်းဆိုင်များထက် ကျပ်တစ်သောင်းပိုပေးရသော်လည်း သတင်းဝက်ဆိုဒ်များအား ကြည့်ရှုလိုခြင်းကြောင့် အင်တာနက်လျှောက်ထားသူများပြားလာခြင်းဖြစ်သည်။

“အင်တာနက်လိုင်းထည့်ရတာက သတင်းကြည့်ချင်လို့ပါ။ သတင်းတွေ ၊ ဗဟုသုတတွေ ရချင်၊ သိချင်လို့လာပြီး လျှောက်တာ  ပါ။   အခုက အင်တာနက်လိုင်းပေါ်ကနေ သတင်းတက်တာ ပိုမြန်လို့လေ” ဟု ကျောက်ပန်း တောင်းမြို့နေ ကိုသီဟစောနိုင်က ပြောသည်။
 
ကျောက်ပန်းတောင်းမြို့တွင် လူဦးရေ တစ်သိန်းဝန်းကျင်သာရှိသော်လည်း ဖုန်းများတွင် အင်တာနက်လိုင်း ထည့်သွင်း အသုံးပြုလိုသူဦးရေမှ ထောင်ဂဏန်းရှိ၍ မြို့နေလူထုနှင့် နှိုင်းစာပါက များပြားကြောင်း ဂျီအက်စ် အမ်ဖုန်းအင်တာနက်လိုင်း လာထည့်သွင်းသူများထံက သိရှိရသည်။
 
“ကျောက်ပန်းတောင်းမှာ လူဦးရေက တစ်သိန်းလောက်ရှိတယ် ဒါပေမဲ့ အင်တာနက်သုံးချင်လို့ လာပြီးလျှောက် နေတာတွေတော့   တွေ့တယ်။ ဖုန်းဆိုင်များ လက်တောင်မလည်ဘူး”ဟု ကျောက်ပန်းတောင်းမြို့ ရွှေရည်စံဖုန်းဆိုင်သို့ အင်တာနက်   လာထည့် သူတစ်ဦးက ပြောသည်။
 

ဂျီအက်စ်အမ်ဖုန်းများနှင့် CDMA (800)MHZ ဖုန်းများတွင် အင်တာနက်လိုင်းလျှောက်ခြင်းအားဖြင့် စာရွက် စာတမ်းများ ၊ မှတ်ပုံတင်များပေးရန်မလိုအပ်ဘဲ ငွေနှစ်သောင်းပေးရုံဖြင့် (၃)ရက်အကြာတွင် ဖုန်းအင်တာနက်သုံးစွဲနိုင်ကြောင်း    သိရှိရသည်။

“စာရွက်စာတမ်း မလိုဘူးဗျ၊ ငွေနှစ်သောင်းပေးတာနဲ့ နောက် ၂ရက် ၊ ၃ရက်ကြာရင် အင်တာနက် သုံးလို့ရပြီ ပြောတယ် “ဟု ကျောက်ပန်းတောင်းမြို့မှ ကိုဇော်မျိုးက ပြောသည်။
 

ကျောက်ပန်းတောင်းမြို့တွင် အင်တာနက်မြန်နှုန်းမှာ အသင့်အတင့်သာရှိသော်လည်း သတင်းဝက်ဆိုဒ်များအား ၀င်ရောက် ဖတ်ရှု့နိုင်ကြောင်း ဖုန်းအင်တာနက်သုံးစွဲသူများထံက သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

Post a Comment