Sunday, June 17, 2012

ဆော်ဒီအိမ်ရှေ့မင်းသား နာယက်ဖ် ကွယ်လွန်

အယ်လ်ကေးဒါးတို့ကို ဆော်ဒီမှထွက်ခွာစေရန် ဆောင်ရွက်ခဲ့သူအဖြစ်ထင်ရှားသည့် ဆော်ဒီအိမ်ရှေ့
မင်းသားနာယက်ဖ်ဘင်အဗ္ဗဒူလာအဇီဇီသည်ဇွန်လ၁၆ရက်နေ့တွင်ကွယ်လွန်သွားခဲ့ကြောင်း ဆော်
ဒီနိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကမှ ကွယ်လွန်သူ အိမ်ရှေ့မင်းသား ဆူလ်တန်နေရာဆက်ခံခဲ့သူ  နာယက်ဖ်ပါ ထပ်မံကွယ်လွန်သွားခဲ့ရာ ဆော်ဒီနန်းဆက်ဆက်ခံရေးအတွက် အိမ်ရှေ့မင်းသားသစ်ကို ထပ်မံ ရွေးချယ်ရတော့မည်ဖြစ်သည်။

နာယက်ဖ်သည် ကျန်းမာရေးအခြေအနေကြောင့် ဆွစ်ဇာလန်တွင် သွားရောက်ဆေးကုသနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

နာယက်ဖ်ကို ဆော်ဒီသို့ ချက်ချင်းပြန်သယ်လာခဲ့ပြီး ဈာပနပြီးသည်နှင့် အိမ်ရှေ့မင်းသားသစ်ကို ရွေးချယ်မည်ဖြစ်သည်။ ဘုရင် အဗ္ဗဒူလာမှာလည်း ၈၈ နှစ်ရှိပြီဖြစ်သည်။ အသက်အရွယ်ကြီးရင့်သူများသည့် မင်းသားကြီး ၃၅ ဦးဖြင့် ဖွဲ့စည်းထားသည့် ကောင်စီမှာ နာ ယက်ဖ်နေရာဆက်ခံသူကို ရွေးချယ်ပေးဖွယ်ရှိပြီး အသက် ၇၆ နှစ်အရွယ်ရှိ မင်းသားဆယ်လ်မန်က ဆက်ခံဖွယ်ရှိနေသည်။  
AFP

No comments:

Post a Comment