Sunday, June 17, 2012

ခြစားနေသော သီရိလင်္ကာအစိုးရကို ဖြုတ်ချသွားမည်ဟု စစ်ဦးစီးချုပ်ဟောင်း ဖွန်ဆီကာ ကတိပေး

ခြစားမှုဖြစ်ပေါ်နေသောသီရိလင်္ကာအစိုးရကို ဖြုတ်ချနိုင်ရန်ကြိုးပမ်းသွားမည်ဟုပြီးခဲ့သောလတွင် ထောင်
မှလွတ်လာသည့် သီရိလင်္ကာ စစ်ဦးစီးချုပ်ဟောင်း ဆာရတ်ဖွန်ဆီကာက ဇွန်လ ၁၄ ရက်တွင် ကတိပေးခဲ့သည်။

မေလ ၂၁ ရက်တွင် အံ့အားသင့်ဖွယ် ပြန်လည်လွတ်မြောက်လာသော ဖွန်ဆီကာက ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အတိုက်အခံ ပါတီများအနေဖြင့် သမ္မတကို ဖြုတ်ချနိုင်ရေးအတွက် ညီညွတ်မှု ရှိရမည်ဖြစ်ကြောင်း၊ သမ္မတ၏ ညီအစ်ကိုသုံးဦးနှင့် သားများက အစိုးရ ကို ထိန်းချုပ်ထားကြောင်း ပြောကြားခဲ့သည်။

ခေါင်းဆောင်မှုပြဿနာကြောင့် အတိုက်အခံများအားနည်းခဲ့ရကြောင်း၊ ၏ခြစားနေသော လက်ရှိနိုင်ငံရေး ယဉ်ကျေးမှုကို ပြောင်းလဲပစ်ရန်ဆန္ဒ ရှိသူများနှင့် မိမိတို့ပါတီက ပူးပေါင်း မည်ဖြစ်ပြီး ခေါင်းဆောင်ပိုင်းကိုမူ ပြည်သူများအား ရွေးချယ်ဆုံးဖြတ် ခွင့်ပေးသင့်ကြောင်း ဖွန်ဆီကာက ပြောကြားခဲ့သည်။

''အဲဒီ ခြစားတဲ့အစိုးရကို လာမဲ့ရွေးကောက်ပွဲကျရင် ဖြုတ်ချပစ်ရမယ်။ ဖြတ်လမ်းတွေ မရှိဘူး။ စစ်တပ် အာဏာသိမ်းမှုမရှိဘူး''ဟု ဖွန်ဆီကာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဖွန်ဆီကာသည် အာဏာသိမ်း ရန်ကြိုးပမ်းနေသည်ဟု ၂၀၁၀ ပြည့်နှစ်တွင် အစိုးရက စွပ်စွဲခဲ့သည်။

တမီလ်ကျားသူပုန်များကို နှိမ်နင်းသည့် ပြည်တွင်း စစ်နောက်ဆုံးလများအတွင်း စစ်တပ်က အရပ်သား ၄၀၀၀၀ အထိသတ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့မှုများအပေါ် နိုင်ငံတကာစုံစမ်းစစ် ဆေးရေးအဖွဲ့က စစ်ဆေးမည်ဆိုပါက အစစ်ခံရန် အဆင်သင့်ရှိကြောင်း ဖွန်ဆီကာက ပြောကြားခဲ့သဖြင့် အစိုးရက ဒေါသထွက်ခဲ့သည်။ 
AFP

No comments:

Post a Comment