Wednesday, June 13, 2012

လူမျိုးရေး ခွဲခြားမှုများ စတင်လာပြီ ဖြစ်သည့် ယူရိုပြိုင်ပွဲ

ကျင်းပလျက် ရှိတဲ့ ယူရို ၂၀၁၂ ပြိုင်ပွဲကြီး အတွင်းမှာ လူမျိုးရေး ခွဲခြားမှုများ စတင် ပေါ်ပေါက်နေကြောင်း သိရှိရပါတယ်။ အဆိုပါ လူမျိုးရေး ခွဲခြားမှုများကိုဥရောပ ဘောလုံး အဖွဲ့ချုပ် ယူအီးအက်ဖ်အေက ကိုင်တွယ် ဆောင်ရွက်မှာ ဖြစ်ပြီး လူမျိုးရေး ခွဲခြားမှုများဟာ စပိန်နဲ့ အီတလီ ပွဲစဉ် ရုရှားနဲ့ ချက်စ် အသင်းတို့ ပွဲစဉ်များမှာ စတင် ပြုလုပ်လာကြာတာ ဖြစ်ပါတယ်။

စပိန် အသင်း ပရိသတ်များရဲ့ ပြန်လည် ပြောကြားမှု အရ ပရိသတ် အချို့ဟာ စပိန် ပရိသတ်များထဲမှ အချို့ဟာ အီတလီ တိုက်စစ်မှူး ဘာလော့တယ်လီကို ရည်ညွှန်းပြီး လူမျိုးရေး ခွဲခြား လှောင်ပြောင်မှုများ ကြားခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင် ရုရှားနဲ့ချက်စ် အသင်းတို့ရဲ့ ပွဲအပြီးမှာလည်း ချက်စ် အသင်းရဲ့ နောက်ခံလူ ဆလာစီက သူကို တိုက်ရိုက် ရည်ရွယ်ပြီး လူမျိုးရေး ခွဲခြား အော်ဟစ်မှုများကို သတိပြုမိခဲ့ကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အခုလို လူမျိုးရေး ခွဲခြားမှုများ ပေါ်ပေါက်လာရခြင်းကို ဥရောပ ဘောလုံး အဖွဲ့ချုပ် ယူအီးအက်ဖ်အေက သိရှိသွားခဲ့တာ ဖြစ်ပြီး တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူအီးအက်ဖ်အေဟာ ယခု အခြေအနေမှာ အရေးယူရေး အစီအစဉ်တွေ ပြုလုပ်ဖို့ မရှိသေးကြောင်း ပြောကြား ထားပါတယ်။ ဒါ့အပြင် ကာယကံရှင်တွေ ဖြစ်ကြတဲ့ အီတလီ အသင်းနဲ့ ချက်စ်အသင်းတို့ ကလည်း ယူအီးအက်ဖ်အေထံ တရားဝင် တိုင်ကြားခြင်း တစ်စုံတရာ မရှိကြသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူအီးအက်ဖ်အေဟာ အဆိုပါ လူမျိုးရေး ခွဲခြားမှုများကို စုံစမ်း စစ်ဆေးခြင်းများ ပြုလုပ်မှာ ဖြစ်ပြီး နောက်ထပ် အဆင့် ပြိုင်ပွဲများ အတွင်း ထပ်မံ ပေါ်ပေါက်လာခြင်းရှိ ၊ မရှိကို စောင့်ကြည့်နေကြကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment