Friday, June 8, 2012

Facebook ကဖုန်းစီမံကိန်းအတွက် Apple iPhone အင်ဂျင်နီယာဟောင်းများ ငှားရမ်းနေဟုဆို

နာမည်ကျော်လူမှုရေးကွန်ရက်တစ်ခုဖြစ်သည့် Facebook က ကိုယ်ပိုင်ဖုန်းထုတ်လုပ်ရန်အတွက် iPad နှင့် iPhone တို့ကိုထုတ်လုပ်ရာတွင် ပါဝင်ခဲ့သည့် Apple အင်ဂျင်နီယာဟောင်းများကို ငှားရမ်းနေကြောင်း သတင်းဌာနတစ်ခုမှဖော်ပြခဲ့သည်။
အဆိုပါသတင်းကို The New York Times သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်ပြီး လူမှုရေးကွန်ရက် ၀န်ဆောင်မှုကုမ္ပဏီသည် iPhone လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် Apple software နှင့် hardware အင်ဂျင်နီယာ ဒါဇင်ဝက်ခန့်ကိုငှားရမ်းခဲ့ပြီး ၎င်းအနက်တစ်ဦးမှာ iPad လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းသတင်းဖော်ပြမှုသည် လက်ရှိ တာဝန်ထမ်းဆောင်လျှက်ရှိသည့် ကုမ္ပဏီ၏အစီအစဉ်အကျဉ်းချုပ်ကို သိရှိသည့် Facebook ၀န်ထမ်းတစ်ဦးပြောကြားချက်ကို ကိုးကားကာဖော်ပြခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ စမတ်ဖုန်းတစ်ခု ထုတ်လုပ်ရန်အတွက် လက်ရှိကြိုးပမ်းမှုသည် ကုမ္ပဏီ၏ တတိယအကြိမ်မြောက် ကြိုးပမ်းမှုလည်းဖြစ်ကြောင်း သိရသည်။ အခြားသတင်းဌာနတစ်ခုကလည်း Facebook အနေဖြင့် စမတ်ဖုန်းကုမ္ပဏီတစ်ခုကို ၀ယ်ယူရဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ လက်ရှိ IPO ပြုလုပ်နေစဉ်အတွင်း ၁၆ ဘီလီယံအထိ မြင့်တက်ခဲ့သည့်အတွက် Facebook အနေဖြင့် Research In Motion သို့မဟုတ် HTC ကိုဝယ်ယူရန်အတွက် လုံလောက်ကြောင်းသိရသည်။
ရေးသားသူ -နောင်နောင်
Internet Journal

No comments:

Post a Comment