Bret Taylor ၏ အပြောအရ ယခုလို လုပ်ဆောင်ချက်နှင့် အတူ ၎င်း၏ Facebook
စာမျက်နှာကို ရွှေ့ပြောင်းမှုများကိုလည်း လွန်ခဲ့သည့် လကပင် စတော့
ဈေးကွက်သို့ ရှယ်ယာများ စတင် ရောင်းချ အပြီးတွင် စတင်ခဲ့ကြောင်း သိရသည်။
ထိုစဉ်က လုပ်ဆောင် ချက်ကြောင့် Facebook ရှိ အလုပ်သမား တစ်ထောင်ခန့်မှာ
သန်းကြွယ် သူဌေးများ ဖြစ်ခဲ့ရကာ ယခုလို ကိုယ်ပိုင်လုပ်ငန်းထောင်သည့်
အနေအထားသို့ ရောက်ရှိခဲ့ရခြင်းလည်း ဖြစ်သည်။
ယခုလို နုတ်ထွက်မှု အတွက် Facebook ထူထောင်သူ Mark Zuckerberg မှ AP
သတင်းသို့ အီးမေးမှ တစ်ဆင့် ဖြေကြားရာတွင် ၎င်းအနေဖြင့် Bret နှင့် လက်တွဲ
အလုပ် လုပ်ရသည်ကို အလွန်ပင် ပျော်ရွှင်ခဲ့ရ ပါကြောင်းနှင့် သူငယ်ချင်း
တစ်ယောက်နှင့် အဖွဲ့ဝင် တစ်ယောက်အဖြစ် သိရှိခဲ့ရခြင်း ဖြစ်ကြောင်းလည်း
ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းအနေဖြင့် Facebook အတွက် လုပ်ဆောင်
ပေးမှုများကိုလည်း ကျေးဇူးတင်မိပါကြောင်း ၊ ၎င်းနှင့် ၎င်း၏ အဖွဲ့ အနေဖြင့်
တည်ဆောက်ခဲ့သည့် လုပ်ရပ်များ အားလုံးအတွက်လည်း ဂုဏ်ယူမိပါကြောင်း
Zuckerberg မှ ပြောကြား သွားခဲ့သည်။
channelnewsias.com

.1.jpg)
No comments:
Post a Comment