အဆိုပါကုမ္ပဏီများတွင် Microsoft,Facebook,Googleနဲ့Yahooစသည့်ကုမ္ပဏီများပါဝင်ကြောင်းသိရသည်။ IPv6 ဟုခေါ်သည့် Internet Protocol
version 6 သည် အင်တာနက်လိပ်စာမလုံလောက်သည့် IPv4 ထက် ကွန်ရက်လိပ်စာများကို
ပိုမိုထောက်ပံ့ပေးနိုင်ခြင်းကြောင့် ထုတ်ကုန်သစ်များအတွက် အင်တာနက်လိပ်စာ
မလုံလောက်သည့်ပြဿနာအား ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် ၎င်းတို့၏
web အသုံးပြုမှုများတွင် မည်သည့်ပြောင်းလဲမှုကိုမျှ
ဂရုပြုမိမည်မဟုတ်ကြောင်းနှင့် ထုတ်ကုန်သစ်များတွင် အဆိုပါစနစ်သစ်ကို
စံအနေဖြင့်အသုံးပြုသင့်ကြောင်း ကျွမ်းကျင်သူများကပြောကြားခဲ့သည်။
အင်တာနက်အသုံးပြုနိုင်သည့် ထုတ်ကုန် (device) များဖြစ်သည့် ကွန်ပျူတာ၊
tablet နှင့် စမတ်ဖုန်းများသည် အင်တာနက်သို့ချိတ်ဆက်ရန်အတွက် ကိုယ်ပိုင် IP
လိပ်စာလိုအပ်ပြီး IP လိပ်စာများကုန်ဆုံးခြင်းကြောင့် အိမ်တစ်အိမ်တည်းရှိ
ကွန်ပျူတာအများအပြားကဲ့သို့သော ထုတ်ကုန်အများအပြားတွင် လိပ်စာများကို
ဝေမျှအသုံးပြုကြရကြောင်း သိရသည်။ ကွန်ရက်ကုမ္ပဏီကြီးဖြစ်သည့် Cisco ကမူ ၂၀၁၆
ခုနှစ်တွင် အင်တာနက်အသုံးပြုနိုင်သည့် ထုတ်ကုန် ၁၈.၉ ဘီလီယံရှိနိုင်မည်ဟု
ခန့်မှန်းထားသည်။ IPv6 သို့ ပြောင်းလဲအသုံးပြုခြင်းအတွက် အင်တာနက်လိပ်စာ
ထရီလီယံ (သန်းပေါင်းတစ်သန်း) အသုံးပြုနိုင်မည်ဖြစ် သည်။
ရေးသားသူ -နောင်နောင်Internet Journal


No comments:
Post a Comment