ဒီနေ့ တွေ့နေမြင် နေရတဲ့ အမြန်ရေယာဉ် (Speedboat) တွေကို နောက်ဆုံး သံမဏိ၊ ဖိုင်ဘာတွေနဲ့ ပြု လုပ်လေ့ရှိကြတာပါ။ ဒါပေမဲ့ ဆားဘီး ယားရွက်လှေကုမ္ပဏီတစ်ခုက ရွက် လှေလောကမှာ အထူးခြားဆုံးဖြစ်စေဖို့ ကိုယ်ထည်တစ်ခုလုံး သစ်သားနဲ့ ပြု လုပ်ထားတဲ့ ရွက်လှေတစ်စီးကို ဖန် တီးထုတ်လုပ်လိုက်ပါပြီ။
၁၉၆၀ ခုနှစ် က ဒီဇိုင်းတစ်ခုကို နမူနာထားတည် ဆောက်ခဲ့တဲ့ ဒီရွက်လှေမှာ
ထူးခြားမှု တွေ အများကြီးပါပဲ။ ခုံတွေအာလုံး ကို သားရေ အစစ်နဲ့
ပြုလုပ်ထားသလို လူ(၈)ဦးသက်သောင့်သက်သာစီးနင်း လိုက်ပါနိုင်တဲ့ အမိုးဖွင့်
Picnic box တစ်စီးဖြစ်ပါတယ်။ ယာဉ်မောင်း ထိုင်ခုံကိုတောင်
(၉)လအချိန်ယူဒီဇိုင်း ဆွဲခဲ့ရပါသတဲ့။
အဲဒီထိုင်ခုံအောက်မှာ ရေခဲသေတ္တာတစ်လုံးနဲ့ ဝိုင်ပုလင်းတွေ ကို
ရေခဲအုပ်သိမ်းထားနိုင်တဲ့ ဏငခညငခ ဘသထ တစ်ခုရှိပါတယ်။ ဒီဇယ်စွမ်းအင် သုံး
Yanmar အင်ဂျင်နှစ်လုံးထည့် သွင်း အသုံးပြုထားသောကြောင့် (၃၇)
ပေအရှည်ရှိပေမယ့် တစ်နာရီရေမိုင် (၄၂)မိုင်နှုန်းအထိ မြန်နှုန်းတင်မောင်း
နှင်နိုင်ပါသတဲ့။ ခုံအားလုံး သားရေ တွေနဲ့ လုပ်ထားပေမယ့် ရေစိုစွတ်မှုနဲ့
ခရမ်းလွန်ရောင်ခြည်တွေ ထိတွေ့မှု ဒဏ်တွေကို အကောင်းဆုံး ခုခံနိုင်စွမ်း
ရှိတယ်လို့ သိရပါတယ်။
First News Journal


No comments:
Post a Comment