Thursday, July 26, 2012

သတင်းစာတစ်စောင်နှင့် ပုဂ္ဂလိကပိုင်ရုပ်သံမှသတင်းမှားယွင်းမှုအား မြန်မာ့အာမခံက ထောက်ပြ

ဇူလိုင်လ(၂၀)ရက်နေ့ထုတ် သတင်းစာတစ်စောင်၏ မျက်နှာဖုံးပါ“တင်သွင်းလာသောကားသစ်များအတွက် အလုံးစုံအာမခံ ပရီမီယံကြေး ထားရှိနိုင်ပြီ” ဟူသော သတင်းနှင့်ပုဂ္ဂလိကပိုင် ရုပ်သံအချို့၏ပရီမီယံကြေးနှင့် ပတ်သက်၍ စာတမ်းထိုးသတင်းတိုမှာလည်း မှားယွင်းမှုများရှိနေကြောင်း မြန်မာ့အာမခံ လုပ်ငန်းက ပြောသည်။
 
အဆိုပါမှားယွင်းမှုများမှာ အနိမ်
့ဆုံး ကျပ်သိန်း(၁၀၀)မှအမြင့်ဆုံးကျပ်သိန်း(၂၀၀)အထိ အာမခံထားနိုင်သည်၊။

ပရီမီယံကြေးများထားရှိနိုင်ပြီစသည့် အချက်များကို မြန်မာ့အာမခံလုပ်ငန်းအထွေထွေမန်နေဂျာက သတင်းစာ ရှင်းလင်းပွဲတွင်ပြောဆိုသည် ဆိုသောအချက်အလက်များမှာ မှားယွင်းနေကြောင်း သိရှိရသည်။
 
အမှန်မှာ ၂၀၁၁ခုနှစ်၊ ကားတင်သွင်းခွင့် ပြုချိန်မှစ၍ မြန်မာအာမခံတွင် ကားအာမခံများထားရှိနိုင်ခြင်း၊ အာမခံ ထားရာ၌ ကားတန်ဖိုးအတိုင်းသာဖြစ်သည်ဟု ပြန်ကြားရေးဌာန၏ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၂၉) ရက် ထုတ်ပြန်ချက်အရ သိရှိရသည်။
 
ဇူလှိုင်(၁၃)ရက်နေ့က ကျွန်တော် သတင်းစာရှင်းလင်းပွဲမလုပ်ဘူး။ ကျွန်တော် အိပ်နေတာဗျ။ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာဦးမောင်မောင်သိန်းက ဆိုသည်။
 
ဒီမှားယွင်းမှုပာာ ပြည်သူတွေအတွက် မှတ်ယူစရာအမှားတွေ ရရှိနိုင်ပါတယ်။ တကယ်အာမခံဝင်မဲ့သူတွေအတွက်လည်း အခက်အခဲတွေဖြစ်နိုင်ပါတယ်။ပာု ၄င်းကဆက်ပြောသည်။
 
နံပါတ်အနက် မော်တော်ယ
ာဉ်များအလုံးစုံအာမခံကြေး လျှောက်ထားရာတွင် တစ်နှစ်လျှင်ကျပ်-၇၅၀၀၀ (သို့ ) ကျပ် ၈၅၀၀၀ ပေးသွင်းရခြင်းဖြစ်ကြောင်း နံပါတ်အနီ မော်တော်ယာဉ်များအနေဖြင့် တစ်နှစ်လျှင် ကျပ် (၁၆၀၀၀၀)   ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
စောဇင်ညီ (မြစ်မခ)

No comments:

Post a Comment