Wednesday, July 25, 2012

စာချုပ်သစ်အတွက် ဆွေးနွေးနေဆဲဟု ၀ဲလ်ကော့ဖွင့်ဟ

စာချုပ်သစ် အတွက် ဆွေးနွေးနေဆဲ ဖြစ်သည့် ၀ဲလ်ကော့

အာဆင်နယ် အသင်း၏ တောင်ပံ ကစားသမား ၀ဲလ်ကော့မှ သူ၏ အပြောင်းအရွှေ့ သတင်းများနှင့် ပတ်သက်၍ဘာမှသိရှိထားခြင်းမရှိကြောင်းနှင့်စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အာဆင်နယ် အသင်းနှင့်အတူ မလေးရှား နိုင်ငံသို့ ရောက်ရှိနေသည့် ၀ဲလ်ကော့မှ သူ၏ စာချုပ်နှင့် ပတ်သက်၍ စိုးရိမ်မှု မရှိကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ ၀ဲလ်ကော့၏ လက်ရှိစာချုပ်သက်တမ်းမှာ နောက်နှစ်နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်သောကြောင့် ယခုအချိန်တွင် စာချုပ်သက်တမ်းတိုးမြှင့်ခြင်း မရှိပါက နောက်နှစ် ရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ရမည်ဖြစ်သည်။
“(စာချုပ်အတွက် ဆွေးနွေးမှုက) ယူရိုပြိုင်ပွဲ ပြီးတဲ့နောက်မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်၊ ဘာဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ၊ ကျွန်တော်ဆီမှာ ဘာသဲလွန်စမှ မရှိပါဘူး (အပြောင်းအရွှေ့ သတင်းနဲ့ ပတ်သက်ပြီး)”ဟု ၀ဲလ်ကော့မှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဝဲလ်ကော့သည် ယမန်နှစ် ရာသီက အာဆင်နယ် အသင်းအတွက် အရေးပါသော ကစားသမား တစ်ဦးဖြစ်ခဲ့ပါပြီး လိဂ်ပွဲစဉ် (၃၅)ပွဲပါဝင် ကစားခဲ့ကာ (၈)ဂိုးသွင်းယူပေး ခဲ့သူဖြစ်သည်။ 
soccer weekly

No comments:

Post a Comment