Tuesday, July 3, 2012

ဒေါက်တာအောင်ဆန်းစုကြည် ဇူလိုင်လ ၉ ရက် လွှတ်တော်တက်မယ်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ဥရောပခရီးစဉ်မှ ပြန်လည် ရောက်ရှိလာသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါက်တာအာင်ဆန်းစုကြည်က ပြည်သူလူထုအား တွေ့ဆုံနှုတ်ဆက်နေစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာအောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးကိုတက်ရောက်မှာ ဖြစ်ကြောင်းNLDပါတီကဒီကနေ့ထုတ်ဖော်ပြောကြားပါတယ်။ 
ဇူလိုင် (၄) ရက်နေ့မှာ စတင်ကျင်းပမဲ့ လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးမှာ ခွင့် (၃) ရက်ယူထားပေမဲ့ ဒေါက်တာအာင်ဆန်း စုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း NLD ပြောခွင့် ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
"ကောင်းပါတယ်။ ကျွန်တော် ဒီမနက်တွေ့လာပါတယ်။ စကားလည်းပြောလာပါတယ်။ နည်းနည်းတော့ ပိန်တာပေါ့လေ။ အရင်ထဲကလည်း ပိန်တာပါပဲ။ လွှတ်တော်ကို ၉ ရက်နေ့ တက်မယ်လေ။ ၄ ရက်၊ ၅ ရက်၊ ၆ ရက်ကိုတော့ ခွင့်တင်ထားပါတယ်"
ဒီအတောအတွင်း ပြီးခဲ့တဲ့လကသွားရောက်ခဲ့တဲ့ဥရောပခရီးစဉ်နဲ့ပတ်သက်ပြီး ဒေါက်တာအောင်ဆန်းစုကြည်
ဟာ မနက်ဖြန်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ရှိကြောင်းလည်း သိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ Burma နဲ့ မြန်မာအသုံးအနှုန်း ကိစ္စ အပြင် လွှတ်တော်ဆိုင်ရာတာဝန်တွေ၊NLDရဲ့တာဝန်ပေးအပ်မှုတွေကိုအဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမယ်လို့ သိရပါတယ်။
RFA

No comments:

Post a Comment