Tuesday, July 3, 2012

ဆူးလေရှိ အဆောက်အဦး အမြန်ဆောက်လုပ်ခွင့်ပြုရေးနှင့်ပတ်သက်၍ မြို့တော်စည်ပင်မှ ပြန်လည်ဖြေရှင်း


ရန်ကုန်မြို့တော်စည်ပင်သာယာပိုင်နယ်နိမိတ်အတွင်းရှိအန္တရာယ်ရှိသောအဆောက်အဦးများတွင် ပြန်လည်
 ဆောက်လုပ်ရာတွင် အချိန်ကြာမြင့်နေမှုနှင့်ပတ်သက်၍  အရှုပ်အရှင်းရှိသော မြေယာများအတွက် ထိုက်သင့် သည့် အချိန်ပေး၍ ဆောင်ရွက်ရကြောင်း ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

“မြေပိုင်ဆိုင်မှုအရှုပ်အရှင်းရှိသော အဆောက်အအုံတွေမှာ မြေပိုင်ဆိုင်မှုစိစစ်ရန်အတွက် ထိုက်သင့်သလောက် အချိန်ပေးရပါတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးဦးသန့်ဇင်မြတ်က ဆိုသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊အနော်ရထာလမ်းမ၊ အမှတ်(၁၈၂-၁၉၄)ဆူးလေဘုရားလမ်း၊ အမှတ်(၁၆၄) နှင့်အမှတ်(၁၄၁)၊အထက်(၃၃)လမ်းထောင့်ရှိ မြေကွက်တွင်အဆောက်အဦးအမြန်ဆောက်
လုပ်ခွင့်ပြုပေး ရန် မူလနေထိုင်သူများက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ထံသို့ ဇွန်လ(၆)ရက်နေ့က လျောက်ထားတင်ပြအပေါ်တွင်ဌာနမှူးဦးသန့်ဇင်မြတ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်
သည်။

ထိုအဆောက်အဦး၏ မြေနေရာ၏ ပိုင်ရှင်မှာ Cassin Ebrahin Marlin ဖြစ်၍ မြေအမည်ပေါက်ထံမှ ၀ယ်ယူထားသည်ဟုဆိုသူများ၏အမွေဆိုင်မြေးများမှတရားရုံးတွင်အထောက်အထားများဖြင့်ကန့်ကွက်လာ
သည့်အတွက် အဆောက်အဦး  ဆောက်လုပ်ခြင်းအား ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီက သိရှိရသည်။

အဆိုပါအဆောက်အဦးအားရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အန္တရာယ်ရှိအဆောက်အအုံမှဖယ်ရှားပေးပါရန်နှင့်အကြောင်းအမျိုးမျိုးကြောင့်မပြောင်းရွှေ့ပဲနေထိုင်သူများကို အင်အားသုံးဖယ်ရှား မည်ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ပူးတွဲပါ အမိန့်ကြေငြာစာများ ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်အပေါ်တွင် အဆောက်အဦးအတွင်း၌ နေထိုင်သူများက မြို့တော်စည်ပင်သာယာက ၂နှစ်အတွင်းဆောက်လုပ်ပေးမည်ဟု ပြောကြားကာဖယ်ရှားခိုင်းသော်၂၀၁၂ခုနှစ်ဇူလိုင်လတွင် နှစ်နှစ်ပြည်
့မြောက်မည်ဖြစ်သော်လည်း အဆောက်အဦး မှာ ဆောက်လုပ်ရသေးခြင်း မရှိသေးသည့်အတွက် နေထိုင်သူများက အိမ်ဌား၍ ဆက်လက်နေထိုင်ရန် အခက်အခဲရှိနေကြောင်းကိုလည်း သိရသည်။

အဆိုပါအဆောက်အဦးမှာ(၈)ထပ်တိုက်ဖြစ်၍အခန်း(၃၂)ခန်းပါပြီး၊အိမ်ထောင်စု(၆၀)၀န်းကျင်နေထိုင်သည့် အဆောက်အဦးဖြစ်ခဲ့သည်။

“ကျွန်တော်တို့တွေက အပြင်မှာ နှစ်နှစ်လောက်အိမ်ငှားနေရတော့ အဆင်မပြေဘူး တိုက်ခန်းမှာနေတဲ့သူတွေ အနေနဲ့ကလဲ ကိုယ့်နေရာကိုယ်ပြန်နေချင်ပြီ ဒီလိုငှားနေရတဲ့အတွက် အရမ်းအခက်ခဲဖြစ်ပါတယ်”ဟု တိုက်ခန်း တွင်နေထိုင်သူတစ်ဦးဖြစ်သူ ဦးကြည်စန်းကပြောသည်။

အဆိုပါတိုက်တွင်နေထိုင်သူများအနေဖြင့် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လကုန်တွင် စတင်ပြောင်းရွှေ့ကြရာ ၂၀၁၀ခုနှစ် အောက်တိုဘာလမှ စ၍အဆိုပါတိုက်တွင် နေထိုင်သူတစ်ယောက်မှ မရှိတော့ကြောင်းကိုလည်း သိရသည်။

မူလနေထိုင်သူအများစုမှာ အဆိုပါအဆောက်အအုံရှိ မိမိနေထိုင်ရာအခန်းတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နေသူ များဖြစ်သည့် အတွက် အခြားနေရာများတွင်ငှားရမ်းနေထိုင်ရသောကြောင့် ပြောင်းရွှေ့မှုမှာ နစ်နာဆုံးရှုံးမှု များရှိနေကြောင်းကိုလည်း  ပြောင်းရွှေ့ခံရသူများထံက သိရှိရသည်။
ရှုမ၀အောင်(မြစ်မခ)

No comments:

Post a Comment