ဦးမောင်အေး (ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း) သည် ဦးနှောက်သွေးကြောရောဂါကြောင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရှိရပါသည်။
ဦးမောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ရှိ တပ်မတော်စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ယနေ့ (ဇူလိုင်လ ၉ ရက်နေ့) တွင် စင်ကာပူနိုင်ငံရှိ Mount Elizabeth ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူဖွယ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။
ဦးမောင်အေးသည် ဒီဇင်ဘာလ ၂၅ ရက် ၁၉၃၇ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး DSA အပတ်စဉ် (၁) ဆင်းဖြစ်ကာ ၁၉၅၅ ခုနှစ်တွင် တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။
၎င်းသည် ထိုအချိန်မှစ၍ တပ်မတော်တွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချ
EMG


No comments:
Post a Comment