မန်ယူ အသင်းနှင့် လမ်းခွဲခဲသည့် အိုဝင်သည်
အသင်းသစ် တစ်သင်းကို ရှာဖွေနေသော်လည်း ချန်ပီယံရှစ် ကလပ်များကသာ
ကမ်းလှမ်းခဲ့ကြသောကြောင့် ယခုချိန်ထိ အသင်းသစ် ရှာဖွေ၍ မရရှိသေးပဲ
ဖြစ်နေသည်။ ပရီးမီးယားလိဂ် ကလပ် အနည်းငယ်ကသာ စိတ်ဝင်စားခြင်း ခံနေရသည့်
အိုဝင်သည် ဘောလုံးလောကမှ အနားယူဖွယ် ရှိနေသည်ဟု အရိပ်အမြွတ် ဖွင့်ဟ
ပြောဆိုလာခဲ့သည်။
အသက် (၃၂)နှစ် အရွယ်ရှိ အိုဝင်မှ “အကယ်၍
အခွင့်အရေးကောင်း တစ်ချို့သာ ကျွန်တော့်ဆီကို မရောက်လာဘူး ဆိုရင်
ရှိပါစေတော့၊ ဒီအခြေအနေမှာ ကျွန်တော် ကစားသမား ဘ၀ အတွက် တစ်စုံတစ်ခု
ပြုလုပ်ရတော့မယ် ဆိုရင်လည်း ပျော်ပျော်ကြီး ပြုလုပ်မှာပါ”ဟု Twittet
စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
soccer weekly


No comments:
Post a Comment