အေစီမီလန် အသင်းမှ အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သည့် ဆန်းချက်ဇ်
တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ
ထွက်ခွာသွား ခဲ့သည့် အေစီမီလန် အသင်းသည် အသင်း၏ တိုက်စစ်ပိုင်းကို ပြန်လည်
အင်အားဖြည့်တင်းရန် အတွက် ဆန်းချက်ဇ်အား တစ်ရာသီစာ အငှားဖြင့် ခေါ်ယူရန်
ကမ်းလှမ်းခဲ့သည်။
သို့သော်လည်း ဘာစီလိုနာ အသင်းမှ အေစီမီလန်
အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ (၂၀၁၁)ခုနှစ်တွင် အူဒီးနီးစ်
အသင်းမှ ဘာစီလိုနာသို့ ပြောင်းရွှေ့လားခဲ့သည့် ဆန်းချက်ဇ်သည် သူ၏ ပွဲဦးထွက်
ရာသီမှာပင် လိဂ်ပွဲစဉ် (၂၅)ပွဲ ပါဝင် ကစားခဲ့ပြီး (၁၂)ဂိုး
သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။
နောက်ဆက်တွဲ သတင်းများအရ အေစီမီလန်
အသင်းသည် တိုက်စစ်မှူး တစ်ဦးဖြစ်သည့် ရော်ဘင်ဟိုအား သင့်တော်သော
ပြောင်းရွှေ့ကြေး ရရှိပါက ရောင်းချရန် အသင့်ရှိနေပြီး ကစားသမား
ပြောင်းရွှေ့ကြေးကို ယူရို (၉)သန်း ၀န်းကျင် သတ်မှတ်ထားကြောင်း သိရသည်။
ရော်ဘင်ဟိုသည် ပြီးခဲ့သော ရက်သတ္တပတ် အနည်းငယ်က ဆန်းတို့စ် နှင့် မာလာဂါ
အသင်းတို့ ဆက်သွယ်မှုကို ခံခဲ့ရသည်။
soccer weekly


No comments:
Post a Comment