Monday, July 16, 2012

အဆိုတော်ရန်ရန်ချန်း ဘာသာရေး တိုက်ခိုက်မှုမပြုလုပ်ခဲ့ဟုငြင်းဆို


ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချန်းက လူမှုရေးကွန်ယက် ဖေ့(စ်) ဘွတ်များ၌ ဘာသာရေးတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ လူမျိုးအရေးကိစ္စနှင့် စပ်လျဉ်း သည့်စာများကို ၄င်းပုံနှင့် တကွတွဲဖက်၍ အင်တာနက် စာမျက်နှာများ၌ ဇူလိုင် ၁၄ရက်နေ့ က စ၍ဖော်ပြခဲ့မှုနှင့်ပတ်သက်ပြီး ၄င်းက ငြင်းဆို လိုက် ခြင်းဖြစ်သည်။

“ကျွန်တော့် သူငယ်ချင်း နေဘုန်းလတ်အကျဉ်း ကမလွတ်ခင် တုန်းက နေဘုန်းလတ်နာမည်ကိုလက်ဝါးမှာရေးခဲ့ကြတဲ့ ဓာတ်ပုံတွေကို သူတို့  က ကွန်ပြူတာနဲ့ပြန်ပြင်ပြီး လုပ်ထားကြတာပါ။ ဘာသာရေး အဓိကရုဏ်းဖြစ်ဖို့ အဓိက သူတို့ ကလုပ်နေကြတာပါ။ ကျွန်တော်လုပ်တယ်ဆိုတာ မယုံကြည်ကြဖို့ ပါ။” ဟု ၄င်းကဆက်ပြောသည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ ဇူလိုင် (၁၆) ရက်နေ့ နေ့ လည်(၁)နာရီတွင် Park Royal Hotel မှာပြုလုပ်တဲ့ဂီတအလွှာသစ်သတင်းစာ ရှင်းလင်းပွဲ မှာလည်းသတင်းသမားတချို့ အားရှင်းလင်းအသိပေးခဲ့သေး၏။ 
Popular Myanmar News Journal

No comments:

Post a Comment