Monday, July 16, 2012

ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်အဖွဲ့နဲ့ ထိုင်းလုံခြုံရေး ပစ်ခတ်မှုဖြစ်ပွား

ဓာတ်ပုံ-AFP

ယနေ့ ဇူလိုင်လ ၁၆ ရက် ထိုင်းဒေသစံတော်ချိန် နံနက် ၅ နာရီအချိန်ခန့်မှာ မြန်မာနိုင်ငံဘက်က အိမ်နီးချင်း ထိုင်းနယ်စပ် မယ်ဆိုင် ခရိုင်အတွင်းကို မူးယစ်ဆေးဝါး သယ်ဆောင်လာသူအဖွဲ့နဲ့ ထိုင်းလုံခြုံရေးတို့ တိုက်ပွဲဖြစ် ပွားရာ မူးယစ်အဖွဲ့က ၈ ဦးကို အသေဖမ်းဆီးမိကြောင်း ထိုင်း သတင်းတွေအဆိုအရ သိရပါတယ်။
ဓာတ်ပုံများ- Bangkok Post
အဆိုပါ မူးယစ်ဆေးသယ်ဆောင်သူအဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရခြင်းကလည်း မူးယစ်ဂိုဏ်း သား တွေကို ပိတ်ဆို့ကာ အဖမ်းခံရန် ပြောကြားခဲ့ကြောင်း၊ သို့သော် ၄င်းတို့က ငြင်းဆန်ခဲ့ပြီးနောက် မိနစ် အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ The Nation နှင့် The Bangkok Post သတင်းတွေမှာလည်း ဖေါ်ပြထားပါတယ်။
အသေ ဖမ်းဆီးမိခဲ့တဲ့ မူးယစ်သယ်ဆောင်သူ ၈ ဦးရဲ့ အနီးအနားမှာ ICE ခေါ် ခရစ်စတယ်အမှုန့် ကီလို ၇၀ ကျော်၊ မက်သာဖက်တမင်းဆေးပြား ၅ သိန်းခွဲကျော်၊ ၉ မီလီမီတာ ပစ္စတို တလက်၊ ပွိုင့် ၂၂ ပစ္စတို တလက်၊ AKA မောင်းပြန် ရိုက်ဖယ် ၃ လက်တို့ကို အတူတကွ ဖမ်းဆီးမိကြောင်း သတင်းများ
မှာ ဖေါ်ပြထားပါတယ်။
ကျန် မူးယစ်သမားများဟာ တိုက်ပွဲဖြစ်ပွားစဉ်မှာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေး လွတ်မြောက်သွားကြောင်း လည်း ဖော်ပြထားပါတယ်။ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတန်ဘိုးဟာ ကာလပေါက်ဈေး ထိုင်းဘတ်ငွေ သန်း ၅၀၀ ကျော်ဖိုးရှိတယ်လို့ သိရပါတယ်။
irrawaddy blog
 

No comments:

Post a Comment