Thursday, July 26, 2012

ဘတ်စ်ကားသစ်များဝင်ရောက်ပါမှအနည်းငယ်သက်သာဖွယ်ရှိသည့်ခရီးသွားပြည်သူများ


ခရီးသည်တင်ဘတ်စ်ကားအသစ်များ ယာဉ်လိုင်းများအတွင်း ပြန်လည်ဝင်ရောက်လာပါက ရန်ကုန်မြို့တွင်း ပြေးဆွဲလျှက်ရှိသည့်   လျော့ကျသွားသောခရီးသည်တင်ယာဉ်များနေရာတွင် သုံးပုံတစ်ပုံခန့် အစားထိုးနိုင်မည်ဖြစ်သည်။

ခရီးသည်တင်ဘတ်စ်ကားအဖြစ် တင်သွင်းရန်ကျန်ရှိနေသေးသည့် မော်တော်ယာဉ်(၁၄၀)စီးခန့် ကျန်ရှိနေသေးကြောင်းနှင့် အိုဟောင်းယာဉ်ဟောင်းဖျက်သိမ်းခြင်းနှင့် နှုတ်ထွက်သွားသော မော်တော်ယာဉ်များကြောင့် ခရီးသည်တင်မော်တော် ယာဉ်အစီးရေ (၄၀၀)ကျော် လျော့နည်းသွားကြောင်း မ.ထ.သ က သိရှိရသည်။

လျော့သွားတဲ့အကြောင်းက ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုကြောင့် အများဆုံးလျော့သွားတာပါ။ ပြန်သွင်းလာတဲ့ ယာဉ်တွေလဲရှိပါတယ်။ ဒါပေမယ့် အပ်ထားသလောက်တော့ အပြည့်အဝမရှိသေးဘူးပေါ့”ဟု မ.ထ.သမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
 
လျော့နည်းသွားသောဘတ်စ်ကားများမှာယာဉ်အိုယာဉ်ဟောင်းအပ်နှံချင်းကြောင့် ပြေးဆွဲချင်းမရှိတော့သည့်
ယာဉ်(၃၃၇)စီး နှင့် နှုတ်ထွက်သည့်ယာဉ်(၉၃)စီးစုစုပေါင်းဘတ်စ်ကားအစီးရေ(၄၃၀)လျော့နည်းသွားခြင်းဖြစ်
သည်။
 
မ.ထ.သရန်ကုန်တိုင်းဒေသကြီးလက်အောက်ရှိခရီးသည်တင် မော်တော်ယာဉ်များထဲမှလက်ရှိအချိန်ထိအပ်နှံ
ပြီး ခရီးသည်တင်ယာဉ် (၃၀၇)စီးရှိပြီး ပြေးဆွဲခြင်းမရှိတော့သည့် ပျက်ကွက်ကင်းကွာယာဉ် အစီး(၃၀)ရှိကြောင်း သိရသည်။ အပ်နှံပြီးယာဉ် (၃၀၇)စီးအနက် ပြန်လည်ဝယ်ယူသည့် အစီးရေမှာ (၆၀)သာ ရှိသေးသည်။
 
ယာဉ်ဟောင်းအပ်တဲ့ယာဉ်အစီးရေထဲက ပြန်လည်ဝယ်ယူထားတဲ့ ခရီးသည်တင်မော်တော်ယာဉ်က ၆၀ လောက်ပဲ ရှိသေးတယ်။ ဘတ်စ်ကားပိုင်ရှင်တွေထဲကလည်း တစ်ချို့ပိုင်ရှင်တွေက ဘတ်စ်ကားပြန်မ၀ယ်တော့ပဲ အိမ်စီးကားတွေ အဝေးပြေး ကားတွေပြန်ဝယ်တာတွေရှိတော့ အရင်လောက်တော့ မများတော့ဘူး”ဟု မ.ထ.သမှ တာဝန်ရှိသူက ဆက်ရှင်းပြသည်။
 
လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသော ခရီးသည်တင်ယာဉ်များ သိသိသာသာ လျော့နည်းသွားကြောင်း ခရီးသွားများက အတည်ပြုပြောဆိုသည်။
 
“အခုနောက်ပိုင်း ကားတွေစောင့်ရတာ န
ည်းနည်းကြာလာတယ်။ ကားတွေလဲ ပိုကျပ်လာတယ်။ သူများနိုင်ငံတွေလို အဆင့်မြင့် ဘတ်စ်ကားတွေ ဘယ်တော့လောက်မှစီးရမှာလဲမသိဘူး။ တစ်နေကုန် အလုပ်လုပ်ရတာထက် ရုံးတက်ရုံးဆင်း ဘတ်စ်ကား တိုးစီးနေရတာက ပိုပင်ပန်းနေသလိုပဲဟု မြောက်ဥက္ကလာပမြို့နယ်မှ ဆူးလေသို့ဘတ်စ်ကားစီး၍ လုပ်ငန်းခွင်ဝင်ရသူ ခရီးသည်တစ်ဦးက ပြောသည်။
ကျော်ဇင်မန်း(မြစ်မခ)

No comments:

Post a Comment