Thursday, July 26, 2012

အေစီမီလန် အသင်း၏ စိတ်ဝင်စားမှုကို ဂရုမစိုက်ကြောင်း ရော်ဘင်ဖွင့်ဟ

အေစီနှင့် ပတ်သက်သော သတင်းများကို ငြင်းဆိုခဲ့သည့် ရော်ဘင်
ဘိုင်ယန်မြူနစ် အသင်း၏ တောင်ပံ ကစားသမား ရော်ဘင်မှ သူသည် အေစီမီလန် အသင်း၏ စိတ်ဝင်စားမှုကို ဂရုမစိုက်ကြောင်း ပြောဆိုခဲ့သည်။
ပြင်သစ် သတင်းစာ L’Equipeမှ အေစီမီလန် အသင်းသည် ရော်ဘင်အား ယူရိုသန်း (၂၀)ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေသည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း အသက် (၂၈)နှစ် အရွယ်ရှိ ရော်ဘင်မှ ယခုသတင်းများကို ငြင်းဆိုခဲ့ပြီး မိမိသည် အေစီမီလန် အသင်း၏ စိတ်ဝင်စားနေမှုကို မသိရှိကြောင်း ပြောကြားခဲ့သည်။
“ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိပါဘူး”ဟု ရော်ဘင်မှ ငြင်းဆိုခဲ့သည်။ ယခုနွေရာသီ အစောပိုင်းကလည်း ရော်ဘင်၏ ဖခင်ဖြစ်သူမှ သူ၏သားသည် ဘိုင်ယန် အသင်းကို စွန့်ခွာမည် မဟုတ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ဖူးသည်။ 
soccer weekly

No comments:

Post a Comment