Wednesday, July 11, 2012

မြေပြိုမှုများကြောင့် ပိတ်မိနေသူ ၄၀၀ အား အိန္ဒိယကယ်ဆယ်


အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသရှိ လာဒက်ခ်ဒေသတွင် မြေပြိုမှုများကြောင့် ပိတ်မိနေသော လူ ၄၀၀ အား ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၈ ရက်တွင် ပြောကြားသည်။ အဆိုပါ မြေပြိုမှုများသည် တန်ဆီးမြို့နှင့် လက်ခ်ျမြို့အကြား ချိုတက်တွင် ဖြစ်ပွားခဲ့ပြီး ယာဉ်အစီးရေ ၈၁ စီးကျော် ပိတ်မိနေခဲ့ပြီး ခရီးသည်များအားလုံးကို ရဲတပ်ဖွဲ့နှင့် ခရိုင်အာဏာပိုင်များက ကယ်ဆယ်၍ လက်ခ်ျမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ မြေပြိုမှုများကြောင့် လမ်းမှာ လုံးဝပျက်စီးသွားခဲ့ရသည်။ ပြီးခဲ့သည့် လကလည်း ဂူရက်စ်ဒေသတွင် မြေပြိုမှုများကြောင့် ခရီးသည် ၄၀၀ နှင့် ယာဉ်အစီးရေ ၁၅၀ ခန့် ပိတ်မိနေခဲ့ကြောင်း၊ ကက်ရှ်မီးယားဒေသသည် ကျောက်ဆောင်ကျောက်တုံးများ ပေါများပြီး မိုးမကြာခဏ ရွာသွန်းပြီး နှင်းများ ထူထပ်စွာ ကျပါက မြေပြိုမှုနှင့် ကျောက်တုံးများ ပြိုကျမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment