Saturday, July 14, 2012

ချယ်လ်ဆီး အသင်းတွင် ကျောနံပါတ် (၁၇) ၀တ်ဆင်မည့် ဟတ်ဇာတ်ဒ်

ချယ်လ်ဆီး ကစားသမားသစ် ဟတ်ဇာတ်ဒ်သည် လာမည့် ရာသီတွင် ကျောနံပါတ် (၁၇)ကို ၀တ်ဆင် ကစားမည် ဖြစ်ကြောင်း အသင်းမှ အတည်ပြု ခဲ့သည်။
လိုင်လီ အသင်းနှင့်အတူ အောင်မြင်သော ရာသီတစ်ခုကို ဖြတ်သန်းခဲ့သည့် ဟတ်ဇာတ်ဒ်သည် ပြီးခဲ့သောဇွန်လက ယူရို (၂၂.၈)သန်းဖြင့် ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ အသက် (၂၁)နှစ် အရွယ်ရှိ ဟတ်ဇာတ်ဒ်သည် လိုင်လီအသင်းတွင် (၁၄၇) ပွဲ ကစားပြီး (၃၆)ဂိုးထိ သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။
ချယ်လ်ဆီး အသင်း၏ နွေရာသီ ကစားသမား ခေါ်ယူမှုတွင် ဈေးအကြီးဆုံး ကစားသမား အဖြစ် စံချိန်တင်ထားသည့် ဟတ်ဇာတ်ဒ်သည် အမေရိကတွင် ပြုလုပ်မည့် ချယ်လ်ဆီး အသင်း၏ ခြေစမ်းပွဲ ခရီးစဉ်တွင် ကျန်ရှိနေသည့် ကစားသမားများနှင့် ပူးပေါင်းမည် ဖြစ်သည်။
soccer weekly

No comments:

Post a Comment