စင်ကာပူနိုင်ငံရှိ East Village ဟိုတယ်တွင်
ယနေ့နံနက်ပိုင်းက မ်ီးလောင်မှုဖြစ်ပွားကြောင်း Channel News Asia သတင်းက
ပြောကြားသည်။ အမှတ် ၂၅၊ Marine Parade လမ်းပေါ်ရှိ အဆိုပါဟိုတယ်မှ
ကြီးမားသည့် မီးခိုးထုကြီးထွက်ပေါ်လာသည်ကို မြင်တွေ့ရကြောင်း
မျက်မြင်များကဆိုသည်။ စင်ကာပူအချိန် ယနေ့နံနက် ၉း၀၆ မိနစ်တွင်
ဟိုတယ်မီးလောင်မှုသတင်းကို ရရှိခဲ့ကြောင်း စင်ကာပူ
ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြု ပြောကြားသည်။
မီးလောင်မှုမှာ ဟိုတယ်၏ မြေအောက်ထပ်မှ
စတင်ခဲ့ကြောင်း သိရှိရသည်။ စင်ကာပူအချိန် မွန်းလွဲ ၁း၀၀ အချိန်အထိ East
Village ဟိုတယ်မှ မီးခိုးများထွက်နေခဲ့သည်။ မီးလောင်မှုအတွင်း လူ ၅၀ ဦးအား
ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရပြီး ကလေး ၄ ဦး၊ လူကြီး ၅
ဦးနှင့် မီသတ်သမား ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့
တင်ပို့လိုက်ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
Channel News Asia ၏ နောက်ဆွဲတွဲသတင်းအရ
မီးလောင်ကျွမ်းမှုမှာ ၅ နာရီကြာ လောင်ကျွမ်းခဲ့ပြီးနောက် ယခုအခါ
မီးကိုငြှိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ East Village ဟိုတယ်
မီးလောင်ကျွမ်းမှုမှာ လတ်တလောနှစ်များအတွင်း ငြှိမ်းသတ်ရအခက်ခဲဆုံး
မီးလောင်မှုတစ်ခုပင်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
Planet
No comments:
Post a Comment