Monday, July 16, 2012

Sanction ရုပ်သိမ်းရေး အဆိုတင်သွင်းမှု ဘဘဦးဝင်းတင်နဲ့ မေးမြန်းချက်နှင့် ထောက်ခံ အတည်ပြုမှုအပေါ် ရှုထောင့် တခုမှ သုံးသပ်ခြင်း


Sanction ဆိုတာ ကျွန်တော်တို့ ပင့်လာတဲ့ ဘုရားမဟုတ်ဘူးဆိုတဲ့ 
ဘဘဦးဝင်းတင်နဲ့ မေးမြန်း ပြောဆိုချက်.. Khu Daun's video
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် လွှတ်တော်အရပ်ရပ်မှာ ၅၅နေရာ အနိုင်ရရှိထားတဲ့ ကျားဖြူပါတီက ကွန်ဟိန်းမြို့နယ် အမတ် ဒေါ်နုနုဝေက အဆိုတင်သွင်းမှုကို လွှတ်တော်အရပ်ရပ်မှာ ၈၈၃နေရာ အနိုင်ရရှိထားတဲ့ ကြံ့ခိုင်ရေး ပါတီက ထောက်ခံဆွေးနွေးပြီး အတည်ပြုချက် ရယူခဲ့တယ်..။

ပြောင်းပြန် ပြန်တွေးကြည့်ကြရအောင် ဒီလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်ပြုတ်ကျအောင် နေရာပေါင်း ၁၁၅၄ နေရာရှိတဲ့ လွှတ်တော်အရပ်ရပ်မှာ ၈၈၃နေရာနဲ့ ၅၅နေရာ ပေါင်း ၉၃၈နေရာ ရရှိထားတဲ့ ကျားဖြူနဲ့ ကြံ့ဖွံ့ပါတီ နှစ်ခုက အဖြစ်မရှိ မစွမ်းဆောင်နိုင်ပဲ လွှတ်တော်မှာ ၄၅နေရာ (ဒေါက်တာမြတ်ဥာဏစိုးနဲ့ ဦးကြည်မြင့်အပါအဝင်) သာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က​သာ ဆန်ရှင်ကို ရုပ်သိမ်းနိုင်အောင် စွမ်းဆောင်နိုင်တယ်လို့ အဓိပ္ပါယ်ပေါက် မနေဘူးလား။

ဒီလောက် လွှတ်တော်မှာ အစိုးရအဖွဲ့ဖွဲ့နိုင်ပြီး အများစုနေရာ ရရှိထားတဲ့ အဆိုပါ ပါတီ(၂)ခုက ဆန်ရှင်ကို ပြုတ်ကျနိုင်အောင် မစွမ်းဆောင်နိုင်ပဲ ယခုမှ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အဖွဲ့ချုပ်ကသာ စွမ်းဆောင်နိုင်တယ်လို့ အဓိပ္ပါယ် ပေါက်နေတယ်လို့ပဲ မြင်တယ်..။ အဲ့ဒီတော့ ကြိုတင်ပြင်ဆင်ထားတဲ့ ကျားဖြူပါတီရဲ့ အဆိုတင်သွင်းမှုဟာ မိမိအသုံးမကျတာ၊ မစွမ်းဆောင်နိုင်တာ၊ အဖြစ်မရှိတာကို ဖော်ပြလိုက်တဲ့ ကြံ့ဖွံ့ပါတီရဲ့ ထောက်ခံအတည် ပြုချက်လို့ပဲ မြင်ပါတယ်..။

ဒီတော့ ဒီမိုကရေစီရဲ့ သဘောသဘာဝအရ အများရဲ့ ဆန္ဒကို အနည်းက လက်ခံရတယ်လို့ ဆိုပါတယ်..။ ယခုအခြေအနေမှာတော့ ပြောင်းပြန် သဘောအရ အနည်းက လုပ်ဆောင်ပေးမှ အများက အဆင်ပြေရမယ်ဆိုရင် အနည်းစု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လက်ရှိ အစိုးရထက် သြဇာအာဏာ သာလွန် ကောင်းမွန်ကြောင်း ပြလိုက်ရတဲ့ အခြေအနေတခု သို့မဟုတ် ကြံ့ဖွံ့အစိုးရအနေနဲ့ မဖြစ်မနေ အသိအမှတ် ပြုလိုက်ရတဲ့ အဖွဲ့ချုပ်ရဲ့ အောင်မြင်မှု တရပ်လို့ပဲ မြင်ပါတယ်...။
Demowaiyan

No comments:

Post a Comment