Tuesday, August 28, 2012

အသင်း၏ လူငယ်ကစားသမားများအား ကားမောင်းခွင့် ပိတ်ပင်ခဲ့သည့် ဖာဂူဆန်

မန်ယူအသင်း၏ နည်းပြ ဖာဂူဆန်သည် အသင်း၏ လူငယ် ကစားသမားများအား ပြိုင်ကား မောင်းနှင်မှုကို ပိတ်ပင်ခဲ့သည်။
မန်ယူအသင်းသည် အမေရိကန် ထိပ်တန်းကားထုတ်လုပ်ရေး တစ်ခုဖြစ်သည့် ချက်ဗိုလက်နှင့် စပွန်ဆာ စာချုပ်သစ် ချုပ်ဆိုထားသည့် အသင်းဖြစ်ပြီး ယင်းကားအမှတ်တံဆိပ်သည် လာမည့် (၂၀၁၄-၁၅) ဘောလုံးရာသီမှ စတင်ကာ မန်ယူ အသင်း၏ အင်္ကျီများတွင် နေရာယူမည် ဖြစ်ပြီ ဖာဂူဆန်မှ အသင်း၏ လူငယ် ကစားသမားများအား ချက်ဗိုလက်ထုတ် ပြိုင်ကားများ မောင်းနှင်စီးနင်းမှုကို တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ချက်ဗိုလက် ကုမ္ပဏီသည် မန်ယူ ပထမအသင်းကြီး၏ ကြယ်ပွင့် ကစားသမားများအား ကြိုက်နှစ်သက်ရာ ဇိမ်ခံကား တစ်စီးစီ ရွေးချယ်ခွင့်ပေးခဲ့သည်။ သို့သော်လည်း ဖာဂူဆန်မှ အသင်း၏ အသက် (၂၃)နှစ်အောက် ကစားသမားများအား ပြိုင်ကားမောင်းနှင့်ခွင့် ပိတ်ပင်လိုက်ခြင်းကြောင်း ၀ဲလ်ဘတ်၊ ဖီးလ်ဂျုံး၊ စမောလင်း နှင့် ရာဖေးလ်တို့သည် ချက်ဗိုလက်မှ ပေးသောကားများကို မောင်းနှင့်ခွင့် ရရှိမည် မဟုတ်ပေ။
ဖာဂူဆန်သည် ယခင်တုန်းကလည်း အသင်း၏ လူငယ် ကစားသမားများကို ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည့် သာဓကများရှိခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်က လူငယ် ကစားသမားများအား အရောင်ပါသော ဘောကန်ဖိနပ်များ ၀တ်ဆင်ကစားခြင်းကို ပိတ်ပင်ခဲ့ဖူးသည်။ 
soccer weekly

No comments:

Post a Comment