Tuesday, August 28, 2012

မြိုတော်ဝန် ဘဝကို အနှစ်သက်ဆုံး ဖြစ် ကြောင်း မင်းသားကြီးအာနိုး ဖြေကြား


အသက် ငယ်စဉ်က ဩစတြီးယား စစ်တပ်တွင် စစ်မှု ထမ်းဆောင်ခဲ့ပြီး အ သက် ၂၀ အရွယ်တွင် ကမ္ဘာ့အငယ်ဆုံး မောင်စကြဝဠာ ဖြစ်လာခဲ့သူ။ ထိုမှတစ် ဆင့် ကမ္ဘာကျော် ဟောလိဝုဒ် မင်းသား အဖြစ် နှစ်ပေါင်းများစွာ အောင်မြင်ကျော် ကြားမှုများ ရရှိခဲ့ပြီး နောက်ပိုင်းတွင် အမေ ရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သူ။ ဤသို့ ဘဝတစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်လာခဲ့ သူ အာနိုးရှဝါဂျန်နက်ဂါသည် သူ၏ဘဝ တွင် ကယ်လီဖိုးနီးယားမြို့တော်ဝန်အဖြစ် နေခဲ့ရသည့်အချိန်ကို များစွာဂုဏ်ယူခဲ့ရ ကြောင်း Bloomberg မီဒီယာက ပြုလုပ် သည့် ရုပ်မြင်သံကြားတွေ့ဆုံခန်းတွင် ဖြေ ကြားခဲ့သည်။
ထိုကာလသည် ၄င်း၏ ဘဝတွင် အခက်ခဲဆုံး အချိန်ဖြစ်ခဲ့သော်လည်း အလွန်ကျေနပ်အားရပြီး များစွာဂုဏ်ယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။အားကစားတွင် ထူးချွန်ခဲ့ခြင်းသည် သူ၏ဘဝတွင် လွန်စွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်းနှင့် ကျော်လွှားရန် မလွယ်သော အခက်ခဲများတွေ့တိုင်း ငယ်စဉ်က အား ကစားကို အစွမ်းကုန်ကြိုးစားခဲ့ပုံကို ပြန် တွေး၍ ဖြေရှင်းနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
၎င်းမြို့တော်ဝန်အဖြစ် တာဝန်ယခဲ့စဉ်က မြို့တော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့မှုများ၊ ကျန်းမာရေးကဏ္ဍ ပိုမိုကောင်းမွန်အောင် ပြုပြင်ခဲ့မှုများ၊ သု တေသနလုပ်ငန်းများကို တွန်းအားပေး ဆောင် ရွက်ခဲ့မှုများနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆောင်ရွက်ခဲ့နိုင်မှု များအား လွန်စွာဂုဏ်ယူခဲ့ရသည်ဟု အာနိုး က ပြောသည်။
မကြာခင်က ရုံတင်ပြသခဲ့ သော The Expendables II ဇာတ်ကား တွင် ရမ်ဘိုမင်းသား စတားလုံးနှင့် တွဲဖက် သရုပ်ဆောင်ခဲ့မှုနှင့်ပတ်သတ်ပြီး ၄င်းက “ ကျွန်တော်တို့က အရမ်းခင်တဲ့ သူငယ်ချင်းတွေပါ” ဟုဖြေကြားခဲ့သည်။ 
(Reuters, 7.8.12) 
လင်းသန့်
Pyimyanmar Journal

No comments:

Post a Comment