Thursday, August 30, 2012

အပန်းဖြေကျွန်းအနီး နိုင်ငံခြားသားခရီးသည်တင်ယာဉ် နစ်မြုပ်


ထိုင်းနိုင်ငံရှိ လူသိများသော ကိုဖီဖီကျွန်းအနီး၌ နိုင်ငံခြားသား ခရီးသည်များကို တင်ဆောင်လာသော သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသည့် လူ ၄၁ ဦးစလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ သင်္ဘောပေါ်၌ အာရှနှင့် ဥရောပတိုက်မှ ခရီးသည် ၃၇ ဦးနှင့် ထိုင်းနိုင်ငံသား ရေယာဉ်ဝန်ထမ်းလေးဦး လိုက်ပါလာပြီး ဖူးခက်ကျွန်းသို့ မောင်းနှင်လာစဉ် အက်ဒမန်ပင်လယ်အတွင်း၌ သြဂုတ် ၂၇ ရက်က နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:

Post a Comment