Friday, August 31, 2012

လိုရစ်၏အပြောင်းအရွှေ့ အတွက်ပေါင်(၁၂.၃)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့သည့် စပါးစ်နှင့်လိုင်ယွန်

စပါးစ်အသင်းသို့ ရောက်ရှိရန် နီးစပ်နေသည့် လိုရစ်
စပါးစ် အသင်း နှင့် လိုင်ယွန် အသင်းတို့သည် ဂိုးသမား လိုရစ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၂.၃)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
စပါးစ် အသင်းသည် လိုရစ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် (၈.၇)သန်းကို ပေးချေရမည် ဖြစ်ကာ အနာဂတ်တွင် နောက်ထပ် ပေါင် (၃.၆)သန်း ထပ်မံပေးချေရမည် ဖြစ်ကြောင်း ပြင်သစ် သတင်းစာ တစ်စောင်မှ ဖော်ပြခဲ့သည်။
ကလပ်နှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သော်လည်း လိုရစ်ကိုယ်တိုင်ကမူ အပြီးသတ် ပြောင်းရွှေ့ခြင်း မပြုမီ သေချာစဉ်းစားရန် အချိန်ယူမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ခြင်းကြောင့် အပြောင်းအရွှေ့မှာ သေချာခြင်း မရှိသေးပဲ ဖြစ်နေသည်။ လိုရစ်မှ ယခုလို ဖွင့်ဟ ပြောဆိုခဲ့ခြင်းမှာ စပါးစ်အသင်း၏ ကမ်းလှမ်းမှု အပေါ် စိတ်ကျေနပ်ခြင်း မရှိသောကြောင့် ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment