Wednesday, August 22, 2012

အရံ ကစားသမား (၁၂)ယောက် အသုံးပြုခွင့်ပေးခဲ့သည့် စီးရီးအေ ပြိုင်ပွဲ

FIGC၏ ဥက္ကဋ္ဌ ဖြစ်သူ ဘာရတ်တာမှ စီးရီးအေ ပွဲစဉ်များတွင် အရံ ကစားသမား အများဆုံး အသုံးပြုရန် ကမ်းလှမ်းချက်အား ခွင့်ပြုလိုက်ကြောင်း သိရသည်။
ယခု အဆိုပြုချက်အား လွန်ခဲ့သော (၃)လခန့်က နာပိုလီ အသင်း၏ ဥက္ကဋ္ဌဖြစ်သူ လောရန်တစ်စ်က ဦးဆောင်၍ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယခုခွင့်ပြုချက် အရ စီးရီးအေ ကလပ်များ အနေဖြင့် ပွဲစဉ်ရက်များတွင် ကစားသမား (၂၃)ဦးထက် မနည်း အသုံးပြုရမည် ဖြစ်ကာ ယင်းပမာဏသည် ကမ္ဘာ ဘောလုံးလောကတွင် အများဆုံး ပမာဏလည်း ဖြစ်လာခဲ့သည်။
အဆိုပါ စည်းမျဉ်းသည် စီးရီးအေ ပြိုင်ပွဲများတွင် သာမကပဲ ကိုပါ အီတလီယာ၊ စူပါကိုပါ နှင့် ပရီမာဗီရာ ပြိုင်ပွဲများသို့ပါ အကျိုးသက်ရောက်စေမည် ဖြစ်သည်။ စနေနေ့တွင် စတင် ကစားမည့် စီးရီးအေ ပြိုင်ပွဲများတွင် ယခုစည်းမျဉ်းကို စတင်း အသုံးပြုမည် ဖြစ်ကာ ဖီအိုရင်တီးနား နှင့် အူဒီးနီးစ် အသင်းတို့၏ ပွဲစဉ်မှား ယင်းစည်းမျဉ်းအား ပထမဆုံး အသုံးပြုသည့် ပွဲစဉ်ဖြစ်လာမည် ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment