Wednesday, August 22, 2012

နျူကလီးယားလက်နက်ဖျက်သိမ်းရေး အစည်းအဝေးတစ်ရပ် အိန္ဒိယပြုလုပ်မည်


အိန္ဒိယပြည်ပရေးရာ ၀န်ကြီး အက်စ်အမ်ခရစ်ရှ်နားသည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို သြဂုတ် ၂၁ ရက်တွင် နယူးဒေလီမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးပွဲကို ကွန်ဂရက်လွှတ်တော်မှ မန်နီရွန်ကာကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ သွားမည်ဖြစ်သည်။ ၄င်းအစည်းအဝေးပွဲကို အိန္ဒိယ၏ ကမ္ဘာ့ရေးရာ ကောင်စီက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပြည်ပရေးရာ ၀န်ကြီးဌာနက ထောက်ပံ့မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် ၁၉၈၈ ခုနှစ်က နျူကလီးယား လက်နက်ကင်းစင်သည့် ကမ္ဘာ့အစီအစဉ်ကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့ရာ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ (၆၈)နှစ်မြောက် မွေးနေ့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment