Wednesday, August 22, 2012

အင်တာမီလန် အသင်းနှင့် ဆေးစစ်မှု အောင်မြင်ခဲ့သည့် ကာဆာနို

အင်တာမီလန် အသင်းနှင့် ဆေးစစ်မှု အောင်မြင်ခဲ့သည့် ကာဆာနို
အေစီမီလန် အသင်း၏ တိုက်စစ်မှူး ကာဆာနိုသည် အသင်း၏ မြို့ခံပြိုင်ဘက် အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ရန် အတွက် ဆေးစစ်မှု ပြုလုပ် အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ကာဆာနိုသည် ပြီးခဲ့သော ရာသီက အသေးစာ နှလုံးခွဲစိတ် ကုသမှု ခံယူခဲ့ရသူ ဖြစ်သော်လည်း ဧပရယ်လတွင် ဘောလုံး ပြန်လည် ကစားနိုင်ခဲ့ပြီး အီတလီ အသင်းနှင့်အတူ ယူရိုပြိုင်ပွဲသို့ လိုက်ပါသွား ခဲ့သူဖြစ်သည်။
သူ၏ နှလုံးရောဂါမှာ ပျောက်ကင်းသွား ခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည့် ကာဆာနိုသည် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆေးစစ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင် ခဲ့ပြီဖြစ်သည်။
ကာဆာနိုသည် အေစီမီလန် အသင်းတွင် (၁၈)လတာ ကစားခဲ့ပြီး စီးရီးအေ ပွဲပေါင်း (၃၃)ပွဲတွင် (၇)ဂိုးသာ သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment