Wednesday, August 22, 2012

ဂျပန်ဆန့်ကျင်ရေး တရုတ်တွင်ဆန္ဒပြ


ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြမှု များသည် စနေ၊ တနင်္ဂနွေနေ့ များတွင် တရုတ် နိုင်ငံရှိ မြို့ကြီးများကို တုန်လှုပ် ချောက်ချားစေခဲ့ပြီးနောက်တွင် ဂျပန်လူမျိုးများကို အကာအကွယ်ပေးရန် တနင်္လာနေ့တွင် ဂျပန်က တရုတ်နိုင်ငံကိုတိုက်တွန်းလိုက်သည်။ အရှေ့တရုတ်ပင်လယ်ပြင်ရှိ အငြင်းပွားလျက်ရှိသော ကျွန်းများနှင့် စပ်လျဉ်းသည့် ရန်စသည့် အာရှတိုက်၏ အကြီးမားဆုံး စီးပွားရေး လုပ်ငန်း နှစ်ခုအကြား ဆက်နွှယ်မှုကိုလည်း မပျက်စီးစေသင့်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။
ထောင်နှင့်ချီရှိသော ဆန္ဒပြ ကန့်ကွက်သူများသည် တရုတ်နိုင်ငံ မြို့ကြီးများရှိလမ်းမများပေါ်တနင်္ဂနွေ နေ့တွင် ထွက်လာခဲ့ကြကာ ဂျပန် ကားများကို အုပ်စုလိုက်မှောက်လှန် ခဲ့ကြသည်။ ကျွန်းများနှင့်ပတ်သက် ၍ ဂျပန်နိုင်ငံ၏ တောင်းဆိုမှုများကို ရှုတ်ချသောြွေကးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။ အဆိုပါကျွန်း များသည် ဂျပန်နိုင်ငံတွင် ဆန်ကာ ကူအဖြစ်သိကြပြီး တရုတ်နိုင်ငံတွင် ဒိုင်အိုယုဟု သိကြသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်တက်ကြွလှုပ်ရှားသူများကအဆိုပါကျွန်းများသို့သွားရောက်ခဲ့ ကြပြီးနောက်တွင် ပါးရိုက်လျှင် နား ကိုက်ဆိုသည့်သဘောဖြင့် တနင်္ဂနွေ နေ့တွင် ဂျပန်လူမျိုးအမျိုးသားဝါဒီ ၁၀ ဦးက ၄င်းကျွန်းပေါ်သို့ ရေကူး သွားကြပြီးနောက်တွင် ထိုကဲ့သို့ သော ဆန္ဒပြကန့်ကွက်မှုများ ပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရနှင့် ဂျပန်ဝန်ကြီး ချုပ် ယိုရှီဟီကိုနိုဒါတို့သည်အဆိုပါ ကျွန်းနှင့်စပ်လျဉ်း၍ ပြည်တွင်းလူထု ၏ ဖိအားပေးခြင်း ခံနေရသည်။ ထရော်လနှင့် ငါးဖမ်းနေသော တရုတ်ကကပ္ပတိန်တစ်ဦးကို ဂျပန်ကဖမ်းဆီးခဲ့ပြီးနောက် ၂၀၁၀ ခုနှစ် တွင် နှစ်နိုင်ငံဆက်ဆံရေးကို တုန် လှုပ်ချောက်ချားစေခဲ့သည်ဟု ဆို သည်။
“နှစ်နိုင်ငံစလုံးက ပူးပေါင်း ဆောင်ရွက်မှုတွေကို အကျိုးဖြစ် ထွန်းနိုင်စေချင်လို့ ဆန်ကာကူကျွန်း ပြဿနာကို အလိုမရှိကြပါဘူး။ တရုတ်ဂျပန်ဆက်ဆံရေးဟာ ဂျပန် နိုင်ငံအတွက် အရေးကြီးတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွေထဲက တစ်ခုပါ။ ပြီးတော့ တရုတ်နိုင်ငံ အတွက်လည်းအပြုသဘောဆောင် တဲ့ အခန်းကဏ္ဍကို ထမ်းဆောင်ဖို့အာရှပစိဖိတ်ဒေသရဲ့တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်တာပါပဲ”ဟု ဂျပန်ဝန်ကြီး အဖွဲ့အကြီးအကဲဖြစ်သူ အိုဆာမူဖူဂျီမူရာက သတင်းစာရှင်းလင်း ပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Venus News

No comments:

Post a Comment