Monday, August 6, 2012

မော်ရာအား ခေါ်ယူနိုင်ရန် အတွက် ပေါင်သန်း (၃၀) အသုံးပြုမည့် မန်ယူ

မန်ယူအသင်းမှ ပေါင်သန်း (၃၀) အသုံးပြု၍ ခေါ်ယူမည့် မော်ရာ
မန်ယူအသင်းသည် မော်ရာအား ခေါ်ယူနိုင်ရန် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀)ထိ တိုးမြှင့်ပေးရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၁၉)နှစ် အရွယ်ရှိ မော်ရာသည် မန်ယူ အသင်း နှင့် မန်စီးတီး အသင်းတို့ အပြိုင်ကြိုးပမ်းနေခြင်းကို ခံနေရသူ ဖြစ်သည်။ ယခုအပတ် အတွင်း ဆော်ပေါ်လို အသင်းဘက်က မော်ရာ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့မည် ဆိုခြင်းနှင့် အင်တာအသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီ ဆိုသော သတင်းများကို ငြင်းဆန်လိုက်သောကြောင့် မန်ယူအသင်းမှာ ၎င်းအား ခေါ်ယူရန် အတွက် ပိုမို အားသာသွား ခဲ့သည်။
“ဆာအဲလက်စ်က လူငယ် တောင်ပံ ကစားသမားကို ခေါ်ယူစာချုပ်ဖို့ အာရုံစိုက် ကြိုးပမ်းနေပါတယ် ပြီးတော့ ယူနိုက်တက် ကလည်း ကစားသမားကို ခေါ်ယူနိုင်ဖို့ ပေါင်သန်း (၃၀) အသုံးပြု ပါလိမ့်မယ်”ဟု ESPN သတင်းဌာနမှ ဖော်ပြခဲ့သည်။
နောက်ဆက်တွဲ သတင်းများ အရ မန်ယူ အသင်းသည် အာဆင်နယ် အသင်း၏ တိုက်စစ်မှူး ဗန်ပါစီကိုလည်း ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုများ ဆက်လက် ပြုလုပ်နေသော်လည်း အာဆင်နယ် အသင်းမှ အလိုရှိနေသည့် ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀)ကျော်ကို ပေးချေရန် ဆန္ဒ မရှိကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment