ဒုံးကျည်ကာကွယ်ရေးနစ်ကို အဆင့်မြှင့်တင်သွားမည်ဟု အစ္စရေးကြေညာ
အစ္စရေးသည် နိုင်ငံ၏ ဒုံးကျည် ကာကွယ်ရေး စနစ်ကို
လက်ရှိထက် ပိုမိုအဆင့်မြှင့်တင်သွားမည်ဟု အတည်ပြု ကြေညာသွားခဲ့သည်။ အစ္စရေး
စစ်ဘက်မှ ထိပ်တန်း အရာရှိ တစ်ဦးက နိုင်ငံတွင် အဓိက တပ်ဆင်ထားသည့် Arrow
Two ဒုံးကျည်ကာ ဒိုင်းစနစ်ကို အဆင့်မြှင့်တင် မွမ်းမံမှုများသည် ယခုအခါ စတင်
လုပ်ဆောင်နေပြီဟု ပြောဆိုခဲ့သည်။ အမည်မဖော်ပြသည့် အဆိုပါ အရာရှိ Reuters
သတင်းဌာနအား စနစ်သစ်တွင် မျိုးဆက်သစ် ပဲ့ထိန်း ဒုံးခွင်းဒုံးကျည်များနှင့်
ပိုမိုကောင်းမွန်သော ရေဒါစနစ်၊ ကာကွယ်ရေး နည်းပညာများကို တပ်ဆင်သွားမည်ဟု
အသိပေးခဲ့သည်။
အဆိုပါ ဒုံးကျည်စနစ်များကို အစ္စရေးနိုင်ငံ၏
မဟာဗျူဟာ ဒုံးကျည်စခန်းများတွင် ဖြန့်ကျက်သွားမည်ဟု သိရှိရသည်။ အဆိုပါ
အရာရှိ၏ အဆိုကို ကိုးကားပြီး အသစ်မွမ်းမံ တပ်ဆင်ထားသော စနစ်တွင် ဒုံးခွင်း
ဒုံးကျည်များသည် ပစ်မှတ်ကို ပိုမိုတိကျစွာ ဖျက်ဆီးနိုင်ပြီး အကွာအဝေးလည်း
ပိုမိုများပြားစွာ ပျံသန်းသွားနိုင်မည်ဟု Reutersက ဖော်ပြခဲ့သည်။ အစ္စရေးသည်
ယင်းဒုံးကျည်ကာဒိုင်း စနစ်ကို (၂၀၀၀)ပြည့်နှစ် ကတည်းက စတင်
အသုံးပြုလာခဲ့သည်။
Arrowစနစ်သည် လေပိုင်နက်ထဲ ဖြတ်သန်းဝင်ရောက်လာသော ဒုံးကျည်များကို
သတ်မှတ်အမြင့်ပေတွင် တိုက်ခိုက်ဖျက်ဆီးနိုင်ပြီး အနုမြူ ထိပ်ဖူးများကို
မပေါက်ကွဲစေဘဲ ဘေးကင်းအောင် ဖန်တီးထားသည်။ အစ္စရေးနှင့် အမေရိကန်တို့၏
ရန်သူတော် အီရန်သည် လက်နက်ကဏ္ဍတွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်လာသည့်နောက်
အစ္စရေးက ယခုလို ကာကွယ်ရေး ကွန်ရက်စနစ်ကို အဆင့်မြှင့်တင်လာခြင်းလည်း
ဖြစ်သည်။
Planet
No comments:
Post a Comment