Tuesday, August 7, 2012

ပြည်တွင်းတွင် အင်တာနက်နှင့် မိုဘိုင်းဖုန်း လုံခြုံစွာ အသုံးပြုနည်း အမေရိကန် ပညာရှင် အကြံပြု


ပြည်တွင်း၌ အင်တာနက်နှင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် လုံခြုံရေး ဆိုင်ရာ နည်းပညာ ဗဟုသုတ များနှင့် အသုံးပြုနည်းများကို အမေရိကန် ပညာရှင် Mr.Sam Dupont က ဩဂုတ် ၁ ရက် နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ လာရောက်ဟောပြောပို့ချခဲ့သည်။
ကိုယ်ဟာ စောင့်ကြည့်ခံရ တဲ့ လူတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ မိုဘိုင်းဖုန်းနဲ့ကွန်ပျူတာကသတင်း အချက်အလက်တွေကို သေသေ ချာချာလုံခြုံအောင် ထိန်းသိမ်းထား ဖို့လိုပါတယ်။ အဲလိုလုပ်မထားဘူး ဆိုရင်အလွယ်တကူ စောင့်ကြည့်ခံ ရနိုင်ပါတယ်”ဟု ၄င်းက မြန်မာဂျာ နယ်လစ်များကို ရှင်းပြသည်။ွှTrue Crypt ကဲ့သို့သော ဆော့ဖ်ဝဲလ်များ၊ လုံခြုံစိတ်ချရ သော Browser များအသုံးပြုသင့် ကြောင်း မိမိ၏မိုဘိုင်းဖုန်းကို ကိုယ် နှင့်မကွာဆောင်ထားသင့်ကြောင်း၊ ကွန်ပျူတာတွင်မလိုအပ်သောFile များကို ဖျက်ပစ်သင့်ကြောင်း၊Network ချိတ်သုံးသော ကွန်ပျူတာ ဗိုင်းရပ်သတိထားသင့်ကြောင်းနှင့် Gmail, Facebook ဆက်သွယ် လာသောLink များကို အလွယ် တကူ ဖွင့်မကြည့်သင့်ကြောင်း Mr.Sam Dupont က အကြံပြု ပြောကြားသည်။
“အန္တရာယ်ရှိနိုင်တဲ့Data တွေ ကို သော့ခတ်လုံခြုံအောင် သိမ်း ထားပါ။ ကိုယ်မသိတဲ့ဆော့ဖ်ဝဲလ် တွေကို ကွန်ပျူတာထဲကို အလွယ် တကူ မသွင်းပါနဲ့။ Password နာ မည်ကိုလည်း အလွယ်တကူမပေး ပါနဲ့။Wifi နဲ့သုံးမယ်ဆိုရင် Hack လုပ်ရတာ အရမ်းလွယ်ပါတယ်။ ကိုယ်သုံးနေသမျှကို ဘယ်ခလုတ် နှိပ်တယ်ဆိုတာကအစစောင့်ကြည့် လို့ရပါတယ်။ အဲလိုနည်းပညာများ ကို ကွန်ပျူတာတက္ကသိုလ်ပထမ နှစ်ကျောင်းသားတောင် ဖော်နိုင်ပါ တယ်”ဟု ၄င်းက ဆိုသည်။
ISP များသည် အစိုးရနှင့် နီး စပ်သူများသာ ပိုင်ဆိုင်လေ့ရှိသော ကြောင့်အထူးဂရုစိုက်သင့်ကြောင်း၊ ကွန်ပျူတာအသုံးပြုရာတွင့် https // အသုံးပြုသင့်ကြောင်း၊Sသည် လုံခြုံရေးကုဒ်ဖြစ်သောကြောင့် အ ရေးကြီးကြောင်းလည်း သိရသည်။ ကွန်ပျူတာကို Virus ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မကြာခဏ Virus စစ်ကာScan လုပ်ပေးသင့် ကြောင်း၊ စိတ်ချရသော Ativirus ဆော့ဖ်ဝဲလ်များဖြစ်သည့် Malwarebytes , AVG, Avira များကို အသုံးပြုသင့်ကြောင်း ၄င်းကအကြံ ပြု ပြောကြားခဲ့သည်။
ထက်နိုင်ဇော်
Venus News Journal

No comments:

Post a Comment