စစ်ကိုင်းတိုင်းမုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ကံကုန်းရွာအနီးရှိ ကြေးစင်တောင်တွင် ကြေးနီစီမံကိန်းအတွက် တည်ဆောက် ထားသော အက်ဆစ်စက်ရုံကြောင့် ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မူများဖြစ်ပေါ်နေကြောင်း ၄င်းအနီးတွင်နေထိုင်သည့် ကံကုန်းကျေးရွာဒေသခံများက ပြောသည်။ “အခုလက်တွေ့ခံစားနေရပြီ။ ကလေးတွေစာသင်ရင် နှာခေါင်းဖုံးစွပ်ပြီး သင်နေရတယ်။ အဆုတ်ရောဂါဖြစ်တဲ့သူရှိတယ်”ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ကံကုန်းရွာအနောက်ပိုင်းတွင် စီမံကိန်းအတွင်းအသုံးပြုရန်အတွက်
မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံကို တည်ဆောက်ထားခြင်းဖြစ်ပြီး
ယင်းစက်ရုံမှထွက်ရှိသော အက်ဆစ်ငွေ့များအား ရှုရိုက်နေရခြင်းဖြစ်သည်။
“စက်ရုံက တွဲဖက်အထက်တန်းကျောင်းနဲ့ အရမ်းနီးတယ်။
ကံကုန်းအထက်တန်းကျောင်းခွဲက ကျောင်းသားကလေးငယ်တွေရဲ့ ကျန်းမာရေး အတွက်
စိုးရိမ်စရာဖြစ်လာနေပြီ။ အက်ဆစ်စက်ရုံကထွက်ရှိတဲ့ညစ်ညမ်းရည်တွေက
လယ်ယာမြေထဲကိုစိမ့်ဝင်နေတာကြောင့် မြေဆီလွှာတွေ ပျက်ဆီးကုန်သလို
စိုက်ပျိုးလို့မရတော့ပဲ ဖြစ်နေပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။
ဒေသခံများအဆိုအရ ၄င်းစက်ရုံမှာ မုံရွာမြို့တစ်ဖက်ကမ်းရှိ
ကြေးစင်တောင်တွင်တည်ရှိပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်က ဆောက်လုပ်
ခဲ့ခြင်းဖြစ်သည်။ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအား
သတ္တုတွင်းဝန်ကြီးဌာနနှင့် China Industries Corporation၊
ပြည်တွင်းစီးပွားရေး ကုမ္မဏီတို့က ပူးပေါင်းကာဆောင်ရွက်နေခြင်းဖြစ်သည်။
မနောထွန်း
Venus News Journal

No comments:
Post a Comment